"ဒါက ?"
တစ်ဖက်က မိန်းကလေးရဲ့ အမေးကို
မဲ့ပြုံးလေးနဲ့ တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်သည်။"စာ!"
"ဘာစာ လဲ?"
ထိုမိန်းကလေးရဲ့ စကားကိုစိတ်မရှည်ဟန်ဖြင့်
'ကျစ်' သတ်ရင်း မျက်လုံးကိုစွေ့ကာ"ရည်းစားတာ! ငါမင်းကိုပေးတာ
ဒါပေမယ့် အခုပေးချင်စိတ်မရှိတော့ဘူး ဟက်!
စိတ်ပျက်တယ် တုံးလိုက်တာလွန်ရော!"လက်ထဲက စာအိတ်ကို မြေကြီးပေါ်ပစ်ချပြီး
ခြေထောက်နဲ့ တက်နင်းလိုက်သည်။"ဘာလဲဟ ဒီအရူး?"
တစ်ဖက်က မိန်းကလေးမှ စိတ်ညစ်ဟန်ဖြင့်
ပြောလိုက်တော့ ထိုမိန်းကလေး အနားကပ်ကာ တီးတိုးပြောလိုက်၏။"နောက်တစ်ခါ ထပ်ပြောရင် မင်းဘဝကို အာမ မခံနိုင်ဘူး!"
JeongIn အပြောကြောင့် ခပ်စွာစွာ မိန်းကလေး
တုန်တက်လာပြီး ကြောက်ရွံ့စွာကျန်ခဲ့၏။Can't Stop
"ဟိတ်! ဖေ့သားရီး"
လက်ပြပြီး အော်ခေါ်နေတဲ့ WooMin ကို jeongIn ဘုကြည့် ကြည့်လိုက်သည်၊ ပြီးမှ သူတို့ဝိုင်းတွင် ဝင်ထိုင်ရင် သူ့ဆံပင်ကိုသူထိုးဖွကာ သက်ပြင်းချမိလိုက်၏။
"ဖေ့ သားရီး စိတ်ညစ်နေတာလား?"
ယိသဲ့သဲ့နဲ့ ပြောင်စပ်စပ် ပြောနေတဲ့ WooMin ကို ဒေါကန်နေပုံနှင့် ခပ်တင်းတင်း ပြန်ပြောလိုက်၏။
"မင်းကြီးတော် ! ဖေ့သားရီး လား?"
"စတာပါကွာ! ဘယ်နှယ့် သေသွားတဲ့
ငါ့ကြီးတော်တောင် မနေရတဲ့အဖြစ်!"WooMin ကခပ်ညိုးညိုးပြောတော့
"ဒရာမာ ချိုးမနေနဲ့ ငါညစ်နေတာ!"
jeongIn ပြောလိုက်တော့ WooMin စိတ်ဝင်စားသွားပုံပဲ အနားကပ်လာတော့
"Shit! မျက်နှာဆိုးကြီးနဲ့ အတွေးပျက်တယ်"
jeongIn ပြောလိုက်တော့ WooMin မျက်နှာ ရွတ်တွပြီး ဒရာမာထပ်ချိုးပြန်၏။
"အမေမွေးပေးထားတဲ့ ငါ့မျက်နှာချောချောလေးတော့ ရစရာမရှိတော့ဘူး..."
YOU ARE READING
Can't Stop \\ SeungIn
Fanfiction"ကိုကိုက သားရဲ့အပိုင်နော်" "အင်းပါကွာ ဒီကိုကိုက ငယ်လေးအပိုင် ဟုတ်ပြီလား" လွန်ခဲ့တဲ့ ၁၅နှစ်တုန်းကတည်းက ကိုကိုက မင်းအပိုင်ဖြစ်ခဲ့တာပါ ကိုကို့ရဲ့ကြယ်လေး...