Ch-33

444 38 0
                                    

အခန်း (၃၃) ပညာရှင် ရသေ့ကြီး

Cayenne ကားကြီးအား တောင်ဘက် ကျောင်းဝင်ပေါက်နားတွင် ပါကင်ထိုးလိုက်သည်။

ဖေးချမ့်က ကားတံခါးကိုဖွင့်ပြီး ဆင်းဖို့ ပြင်လိုက်၏။

ဒရိုင်ဘာခုံမှ ရှင်းဟိုက်လူက သူမ၏လက်သွယ်သွယ်ဖြင့် လက်ရာမြောက်သည့် Card Holder တစ်ခုကို ကမ်းပေးလိုက်သည်။

"အရင်တုန်းက ကျောင်းနားမှာ အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခုကို ငှားဖို့ ပြောထားတယ်နော်။ ဒါက ဝင်ခွင့်ကတ်နဲ့ သော့ပါ"

ဖေးချမ့်က ချက်ချင်း မယူသေးဘဲ စနစ်ထံမှ တုံ့ပြန်ချက်ကို စောင့်နေပါသေးသည်။

'ဟုတ်ပြီ၊ တုံ့ပြန်မှုမရှိဘူးကွ။ ဒါဆို အဆင်ပြေတယ်ဆိုတဲ့ သဘောပဲ"

အဝတ်အစား ဝယ်ယူခြင်းနှင့် တိုက်ခန်း ငှားရမ်းခြင်းများက ကုမ္ပဏီလုပ်ငန်းများနှင့် သက်ဆိုင်သည်ဟု မထင်ရသော်လည်း ဘော့စ်တစ်ယောက်၏ ပုံရိပ်နှင့် ဆက်နွယ်မှု ရှိသည်။

သူဝယ်ထားသည့် အဝတ်အစားများအားလုံးကို အဆောင်ထဲ ပစ်ထည့်ထားလို့တော့ မဖြစ်ဘူး မဟုတ်လား။

နောက်ပိုင်း အချိန်ပို အလုပ်လုပ်ရပြီး လုပ်ငန်း ခရီးစဥ်များ သွားရရင်ကော ဘယ်လိုလုပ်မလဲ။ အဆောင်မီးများ ပိတ်ပြီး သူထွက်ခွင့်မရရင် ဘယ်လိုလုပ်မလဲ။

ထို့ကြောင့် သူတိုက်ခန်းတစ်ခန်း ငှားရခြင်းမှာ သေချာပေါက် ယုတ္တိရှိသည်။

ထို့အပြင် အိမ်ငှားခကလည်း စျေးမကြီးလှပါ။ ယွမ်သောင်းချီတန်သည့် ဝတ်စုံများကိုတောင် တတ်နိုင်သဖြင့် တိုက်ခန်းငှားခကို သူတတ်နိုင်မှာ သေချာသည်။

ဒီနှစ်က ၂၀၀၉ ခုနှစ် ဖြစ်သည်။ ဟန်တုန်း၏ အိမ်ရာမြေစျေးကွက်အရ အဆင့်မြင့်ရပ်ကွက်ထဲက သေသေသပ်သပ် ပြင်ဆင်ထားသည့် အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းတစ်ခုကို ယွမ် ၂,၀၀၀ အောက်သာ ပေးရသည်။

နောက်ထပ် ၁၀ နှစ်ကြာလျှင် ပေကျင်းမြို့တွင် အိပ်ခန်းတစ်ခန်းသာ ပါသည့် တိုက်ခန်းများ၏ အိမ်ငှားခများမှာ ယွမ် ၇,၀၀၀ - ၈,၀၀၀ လောက် ရှိလာလိမ့်မည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now