Ch-179/180

647 36 4
                                    

ဖေးချမ့် 179+180

အခန်း(၁၇၉) တစ်ဖက်ကိုငြှိမ်းရင်း တစ်ဖက်ကလောင်

ရုံးထြတွင် ဖေးချမ့် ထန်းတာ့ဂိမ်းများ၏ အခြေအနေကို ကြည့်ဖို့ ပလက်ဖောင်းကို စစ်ကြည့်လိုက်ပါသည်။

"ဒီအုပ်စုက ငါ့ကို သတင်းဆိုးဘယ်လိုပေးရမလဲ ဆိုတာပဲ စောင့်ကြည့်နေကြတာ။ အကုန်လုံးက အဆုံးကျရင် ဘာမှ အားကိုးလို့ မရဘူး။ အကုန်လုံး ငါ့ဖာသာပဲ တာဝန်ယူရမယ်။"

ဖေးချမ့် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေခဲ့ပါသည်။

တခြားသူများ၏ ဝန်ထမ်းအားလုံးက ၎င်းတို့အား သတင်းဆိုးအစား သတင်းကောင်းသာ ပေးကြသည်။ သူ့ဝန်ထမ်းများကသာ ဆန့်ကျင်ဘက်ဖြစ်၏။ သတင်းကောင်းရှိတိုင်း သူ နောက်ဆုံးမှ သိရသည်။

ဖေးချမ့် အရင်တုန်းကတည်းက ဒါကို တွေးမိပါသည်။ အစကတည်းက ထန်းတာ့က အထက်အောက် ရာထူးစဥ် သိပ်မထင်ရှားသော ကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ တင်းကျပ်သော အထက်လူကြီး လက်အောက်ငယ်သား စနစ် မရှိပါ။ ထို့အပြင် ဟွမ်စစ်ပေါ်နဲ့ ပေါင်ရှုတို့က နှိမ့်ချနေတတ်ကြပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြသူများသာ ဖြစ်သည်။ ဘာမှ အရှိန်အဝါ မပြကြပါ။

သူတို့ ပြဿနာကြုံလာတိုင်း သူဝန်ထမ်းများက ကိုယ်တိုင်ဖြေရှင်းဖို့သာ စဥ်းစားကြသည်။ ဘော့စ်ဖေးကို  ဒုက္ခမပေးချင်ကြပါ။ သူတို့အောင်မြင်သွားရင်တောင် ဘော့စ်ဖေး စီစဥ်ထားပြီးသားအရာဟု ထင်ကြကာ အံ့သြသည့်ပုံလည်း မပေါ်ကြပေ။ အောင်မြင်မှုအတွက် သေချာပေါက် နာမည်ယူကြမှာလည်း မဟုတ်ပေ။

ထို့ကြောင့် ဖေးချမ့် အလွန်နာကျင်ရပါသည်။ သူ့လုပ်ငန်းများ၏ ကဏ္ဍတစ်ခုခုမှ အမြတ်များပေါ်လာတိုင်း သူနောက်ဆုံးမှသိရသည်။ ဒါက သူ့ကို အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေသည်။

အဓိကအချက်က သူဘာမှမသိသလို ဟန်ဆောင်မနေနိုင်ခြင်းပင်။ ဒါက သူ့ပုံရိပ်နဲ့ ရပ်တည်ချက်နဲ့ အလွန်ကိုက်ညီမှု မရှိနိုင်ပါ။ ကိစ္စတွေကို ခွကျစေလိမ့်မည်။

ဖေးချမ့် အမှားတစ်ခုကို နှစ်ခါမလုပ်နိုင်ဘူးဟု ခံစားမိပါသည်။

You've reached the end of published parts.

⏰ Last updated: Mar 07 ⏰

Add this story to your Library to get notified about new parts!

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now