The Deepest14

1.1K 48 0
                                    

ရှောင်မားရဲ့ရုပ်အလောင်းကိုဆေးရုံရေခဲတိုက်ထဲထည့်ပြီးတာနဲ့ရှောင်ကျန်တို့မောင်နှမနှစ်ယောက် အိမ်ကိုမျက်နှာသေတွေနဲ့ပြန်လာခဲ့‌သည် ရှောင်ပါးကတော့ဆေးရုံကခုံတန်းလေးမှာပဲထိုင်ရင်းနေနှစ်ခဲ့တယ်

ရှောင်မားဆုံးတာသူ့အတွက်အဆိုးရွားဆုံးဖြစ်ရပ်တစ်ုခုထက် အရှင်လတ်လတ်ရင်ကွဲရတာဆိုပိုမှန်လိမ့်မယ်
ဘာလို့ဆို သူတို့မပွင့်လင်းခဲ့ကြမိဘူး သူချစ်ရတဲ့အမျိုးသမီးကို ရှင်းပြခွင့်လေးတောင်မရ ချစ်တယ်ဆိုတဲ့စကားတောင်တစ်ခွန်းမှမပြောလိုက်ရဘဲ လောကကြီးကနေနှုတ်ဆက်လိုက်ရပြီ သူနောင်တရတယ် သားဖြစ်သူအပြစ်တင်တာကိုလည်းသူနားလည်တယ် သူကိုယ်တိုင်ကမှနွေးထွေးမှုမပေးခဲ့ဘဲ

ရှောင်ကျန့်တို့မောင်နှမအိမ်ကိုပြန်ရောက်တော့ ကြီးကြီးကျင်းကဆီးကြိုပြီးမေးတယ်

"သခင်လေး သခင်မလေး....သခင်မကြီးရောဟင်...ဘာမှမဖြစ်ဘူးမလား?

ရှောင်ကျန့်ပြန်မဖြေမျက်နှာသေဖြင့်တစ်နေရာကိုသာစ်ုက်ကြည့်နေတယ်

"မားးးမရှိတော့ဘူးကြီးကြီး သမီးတို့ကိုထားသွားပြီ အဟင့် ဟင့်"

ညီမဖြစ်သူငိုသံကြားတော့ရှောင်းကျန့်လက်သီးကိုတင်းခနဲဆုပ်လိုက်ပြီး သူစိုက်ကြည့်နေတဲ့နေရာကိုတောက်တချက်ခေါက်ပြီး အပေါ်ထပ်ကိုသာ ‌ခြေလှမ်းသွက်သွက်နဲ့တက်သွားခဲ့သည်

ကြီးကြီးကတော့ ရွှယ်လုကိုဖတ်ပြီးနှစ်သိမ့်ပေးနေရင်း သူပါအသံတိတ်ငိုနေတော့သည်

ဝမ်မားနဲ့ရိပေါ်တို့ ရှောင်မားကားaccidentဖြစ်တယ်ဆိုကတည်းက ဧည့်ခန်းထဲမှာထိုင်စောင့်နေကြသည်ရှောင်းကျန့်တို့ပြန်လာတဲ့အသံကြားတာနဲ့အကျိုးအကြောင်းမေးရန် ထလာတော့ သူတို့ကိုမြင်တာနဲ့ရှောင်းကျန့်ကစူးစူးရဲရဲစိုက်ကြည့်နေတယ် အိမ်တော်ထိန်းအမေးကို ရွှယ်လုကဝင်ဖြေလိုက်တော့ ရှောင်းကတော်ဆုံးပြီတဲ့

ဝမ်မားလဲပြဿနာတွေအဲ့လောက်ဖြစ်သွားလိမ့်မယ်မထင်ခဲ့ ဘယ်အချိန်ကတည်းက သူအမျိုးသားနဲ့အထင်လွဲနေမှန်းမသိတဲ့ရှောင်းကတော်က မနေ့ကရှောင်ပါးကလူ‌‌ေရှ့သူ‌ေရှ့ပါးရိုက်လိုက်တာကြောင့်ရော ဒီမနက်သူ့အရှေ့မှာဒူးထောက်နေတာကြောင့်ကော ဘယ်ကစပြီးမှားသွားမှန်းမသိတဲ့အထင်လွဲမှုတွေကနေ ရှောင်းကတော်အိမ်ကထွက်သွားပြီး အခုအခြေနေဖြစ်ခဲ့တာကို‌တွေးပြီး‌ဝမ်မားတစ်ကယ်စိတ်မကောင်းဖြစ်မိသည်
အမှန်ဆိုသူနဲ့ ရှောင်မင်ဟန်က သူ့အမျိုးသားကိစ္စနဲ့စကားများနေကြတာမဟုတ်လား
အခုလဲရှောင်ကျန့်လေးကဒေါသရိပ်လွှမ်းနေတဲ့မျက်ဝန်းတွေနဲ့ကြည့်သွားတယ်လေ ဝမ်မားလဲသွေးပူနေတဲ့အချိန်မို့မရှင်းပြချင်တော့ပေ ရှောင်းကတော်အတွက်စိတ်မကောင်းဖြစ်ရင်းသား အခန်းထဲပြန်ဝင်သွားခဲ့သည်

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now