The Deepest 39

945 41 2
                                    

"မား ကျွန်​တော်​ရောက်ပြီ အရမ်း​နောက်ကျသွားလို့​တောင်းပန်ပါတယ် သားကိုခွင့်လွှတ်ပါ​နော်"

ရိ​ပေါ်တရုတ်ကိုပြန်​ရောက်​ရောက်ချင်းသူ့မားအုတ်ဂူ​ဆီတန်းလာခဲ့တယ် မားဆုံးပြီး သူတစ်ခါပဲသွား​တွေ့ရ​သေးတာ ဒီကြားထဲသူ accidentဖြစ်ပြီး ကိုမာဝင်​နေတာနဲ့ သတိရလာ​​တော့လဲ ကိုယ့်နိုင်ငံမှာမဟုတ်တဲ့အတွက် မားကိုလာမ​တွေ့နိုင်ဘူး​လေ ရိ​ပေါ်သူ့မားနဲ့သူ့ညီ​လေးရဲ့ အုတ်ဂူ​လေးကိုသန့်ရှင်းရေးလုပ်​ပေးရင်းစကား​တွေ​ပြော​နေလိုက်သည် ပြီး​တော့ ယူလာတဲ့ပန်းစည်း​လေးကိုအုတ်ဂူ​လေး​ပေါ်အသာ​လေးတင်လိုက်ကာ သူ့မားအုတ်ဂူ​လေး​ပေါ် လက်တင်ပြီး​ခေါင်းမှီတင်ထားလိုက်သည်

"​ကိုကို့ညီ​လေးရိချန်း​ရော ပါပါးနဲ့​တွေ့​နေပြီလား ပါပါးက ကိုကို့ထက်ညီ​လေးကိုပိုချစ်သွားပြီထင်တယ် ကိုကို့အိမ်မက်ထဲ​တောင်မလာ​တော့ဘူး"

သူ့မားအုတ်ဂူ​လေး​ပေါ်​ခေါင်းမှီထားရင်း ညီဖြစ်သူရဲ့အုတ်ဂူ​လေးကိုလဲလက်နဲ့အသာပွတ်ကာ စကား​တွေ​ပြော​နေမိသည်

"မား သားကတစ်​ယောက်ထဲကျန်ခဲ့တာ မားတို့ကိုအရမ်းသတိရတာပဲ သားကိုဖက်ထား​ပေးမယ့်မားလဲမရှိဘူး သားကိုအလိုလိုက်မယ့် ပါးလဲမရှိ​တော့ဘူး သားနမ်းမဝတဲ့ပါး​ဖောင်း​ဖောင်း​လေး​တွေနဲ့ညီ​လေးလဲမရှိ​တော့ဘူး..​​သတိရတယ်မား"

ရိ​ပေါ်နှုတ်မှတတွတ်တွတ်​ပြောရင်း မျက်ဝန်းထဲမှမျက်ရည်များကလဲအထိန်းအကွပ်မဲ့စွာ ထိုအချိန်မိုးကလဲ မျက်ရည်​တွေနဲ့အပြိုင်ရွာသွန်းလို့

"​လေးနှစ်ကြီးများ​တောင်ရှိပြီမား...မားတို့အကုန်လုံးသားကိုထားသွားတာ...သားအခုတစ်​ယောက်တည်း...မားသိရဲ့လား...သားအခုသားဖြစ်ချင်တာ​တွေဖြစ်ခွင့်ရပြီ...ဒါ​ပေမယ့်မားမှမရှိတာ...သားဆုရတဲ့​နေ့က မားကိုသတိအရဆုံးပဲ...မားသာရှိရင်အရမ်း​ပျော်မှာ ပါးသာရှိ​သေးရင်သားအတွက်ဂုဏ်ယူ​နေ​တော့မှာဆိုတဲ့အ​တွေး​တွေနဲ့သားအရမ်းနာကျင်ရတယ်...ရူးမတတ်ပဲ...မားတို့သိရဲ့လား"

တဖွဲဖွဲကျ​နေတဲ့မိုးသား​အောက်မှာ တစ်​ယောက်တည်းအုတ်ဂူ​လေးနှစ်လုံး​ရှေ့ ​စကား​တွေဟိုဘက်လှည့်​ပြောလိုက်ဒီဘက်လှည့်​ပြောလိုက် ငိုလိုက်နဲ့ ကျော​လေး​တွေတသိမ့်သိမ့်တုန်သည်ထိ ရှိုက်ကာငို​နေတဲ့မြင်ကွင်းက မြင်ရသူဖို့တစ်ကယ်ရင်နင့်စရာ

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now