ဒီနေ့ကကျောင်းစတက်ရမယ့်ပထမရက်မို့ အိပ်ယာထနောက်ကျလို့အမြဲနှိုးရတဲ့အကိုဖြစ်သူကိုရွှယ်လုနှိုးရန် အကိုဖြစ်သူအခန်းရှေ့အပြေးလေးသွားလိုက်သည်
"ဒေါက်ဒေါက်ဒေါက်"
"ကောကော....ကောကော...ရှောင်းကျန့်ကောကော...ရှောင်ထုထု!!!"
"ဟ ရွှယ်လုနင်ဘယ်လိုတွေခေါ်နေတာလဲ"
"ကောကောလို့ခေါ်တာမှမရဘဲကို...ထတော့..ဒီနေ့ကျောင်းသွားရမှာ"
"ငါနိုးနေတာကြာပေါ့ နင်သာခုမှအသည်းသန်ထလာတာမှတ်လား"
"အမ်...မဟုတ်ပါဘူး...ရွှယ်ကမနက်စာတောင်သွားစားတော့မှာ"
"တော်တော်ကောင်းတဲ့ညီမ...မနက်စာစားခါနီးမှလာနှိုးတယ်ပေါ့လေ...နောက်နေ့ကျရင်ကျောင်းရောက်မှလှမ်းနှိုးပါ့လား"
"ဟီးးးကောကောကလဲ...ရွှယ်ကအလှပြင်နေလို့မေ့သွားတာကို...ကောကောအာ့ဆိုအဝတ်အစားလဲပြီးအောက်ဆင်းခဲ့တော့နော် ရွှယ်အောက်မှာပဲစောင့်နေတော့မယ်"
"အေးအေးငါပြီးပြီ အခုထွက်လာပြီ"
အခန်းတံခါးဆွဲဖွင့်ပြီးထွက်လာတဲ့အကိုဖြစ်သူကိုကြည့်ပြီးရွှယ်လုခနတော့ကြောင်သွားသည်
"ဟဲ့ဘာဖြစ်နေတာလဲ မမြင်ဖူးဘူးလား"
"အိုက်ယားကောကောကချောလိုက်တာ...ခုမှမင်းသားနဲ့တူသွားတော့တယ်"
အင်္ကျီကိုအမြဲထုတ်ဝတ်နေကျရှောင်းကျန့်က ကျောင်းအင်္ကျီအဖြူကိုလက်တံတောင်နားထိခေါက်တင်ကာအောက်ကစတိုင်ပန် ခဲရောင်ထဲသေသပ်စွာထည့်ထားပြီး နတ်ကထိုင်ခဲရောင်ကိုကျနစွာစည်းထားသည် ဂျယ်တွေနဲ့သေသပ်စွာလှန်ဖြီးထားတဲ့ဆံနွယ်တွေက အရင်နှစ်ကလိုဘုတ်သိုက်ဖြစ်မနေ လက်ကောက်ဝတ်မှာနေရာယူထားတဲ့ငွေရောင်နာရီက သူ့ရဲ့ပိုင်ရှင်ကိုတစ်ထောင့်တစ်နေရာကနေ အစွမ်းကုန်တောက်ပပေးနေလေတယ် ဖြူအုအု နူးနူးညံ့ညံ့အသားရည် ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးနဲ့ ပြုံးလိုက်တိုင်းကွေးတက်သွားတဲ့နှုတ်ခမ်းအောက်ကမှဲ့နက်ကလေးက ဒီလူသားလေးကို နတ်ဘုရားအလား အလှဆုံးအရာတွေကိုဖြစ်ပေါ်စေတယ်လေ
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး