The Deepest18

924 49 0
                                    

​နောက်တစ်​နေ့မနက်​ရောက်​တော့​ ​ရှောင်ကျန့်တို့အားလုံး ကမ်း​ခြေက​​နေအိမ်ကိုပြန်လာခဲ့ကြသည် အစကတစ်ပါတ်​လောက်​နေဖ်ု့ သွားကြတာ​ပေမယ့် ရီဖန်းက​ရေမွန်းထားတဲ့ဒဏ်​ကြောင့် ဖျားပါဖျားလာသဖြင့်အကုန်လုံးပြန်ရန်စိတ်ဆုံးဖြတ်ခဲ့ကြသည်

ချုံးချင်း​ရောက်​​တော့ အသီးသီးကိုယ့်အိမ်ကိုယ်ပြန်ကြတာမို့ ​ရှောင့်ကျန်တို့သုံး​ယောက်လဲ​ရှောင်းအိမ်​တော်ကိုပြန်ခဲ့ကြသည်

​ရှောင်းအိမ်​တော်​ရောက်​တော့ ရိ​​ပေါ်မားနှင့်ကြီးကြီးကထွက်ကြို​နေတာ​တွေ့ရသည်မို့ ရိ​ပေါ်ကသူ့မားဆီကိုအရင်​ပြေးသွားသည် ရွှယ်လုကကြီးကြီးဆီသွားသည်မို့ ​ရှောင်ကျန့်တစ်​ယောက်သာ ​နောက်ဆုံးမှကား​ပေါ်ကဆင်းလာခဲ့လိုက်သည် ရိ​ပေါ်နဲ့သူ့မားဖက်​နေတာမြင်တာနဲ့ ​ရှောင်ကျန့်စိတ်ထဲမားကိုသတိရသွားရပြန်သည်
​အပြင်မှာဆိုရိ​ပေါ်ကိုသူကြည်​ပေမယ့် အိမ်ပြန်​ရောက်တိုင်း ရိ​ပေါ်နဲ့သူမားကိုတွဲမြင်လိုက်ရရင်ကို ​ဒေါသထွက်သလို စိတ်တိုသလိုဖြစ်​နေသည်

သူ့ကိုမြင်တိုင်းမျက်နှာအ​နေထား​ပြောင်းသွားသည့်​ရှောင်ကျန့်​ကြောင့်ရိ​ပေါ်မားလဲမ​နေတတ်စွာနဲ့ ရိ​ပေါ်ကိုဖက်​နေရာက​နေခွာလိုက်မိသည် ဒီက​လေး သူ့မိခင်ကိုဆုံးရှုံးထားရ​တော့ သူများသားအမိဖက်​နေတာမြင်ရင်စိတ်မ​ကောင်းဖြစ်တယ်ထင်ပါရဲ့လို့သာသူ​တွေးမိလိုက်သည် "ဒါ​ပေမယ့်က​လေးရယ် ဘယ်လိုလုပ်ရပါ့မလဲ မင်းစိတ်အ​နှောက်ယှက်ထပ်ဖ့စ်ဖ်ု့အန်တီလုပ်မိ​တော့မယ်ကွယ်"လို့သာထပ်​တွေးရင် ​​သက်ပြင်းချကာ အိမ်ထဲဝင်သွားလိုက်​တော့သည်

ဒီလိုနဲ့ည​နေ​စောင်း​တော့ ထမင်းစားခန်းထဲမှာ မိသားစုအကုန်ထမင်းအတူစားကြဖ်ု့ ပါးက​ပြောလိုက်တာနဲ့ ရွှယ်လု​ရော သူပါ ​အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်

ထမင်းစားခန်းထဲဝင်​တော့ အကုန်လုံးက​ရောက်နှင့်နေပြီမို့ သူနဲ့ရွှယ်လု လွတ်​နေတဲ့ခုံမှာသာအသာ​လေးဝင်ထိုင်လိုက်သည်

အားလုံးထမင်းစားပြီး​တော့ ကြီးကြီးလဲပန်းကန်​တွေ​ကောက်သိမ်း​နေသည် ထိုအချိန်ပါးကစကားစ​ပြောလာခဲ့သည်

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now