ရှောင်ကျန့်တို့ ဒီနေ့ကျောင်းသွားတက်တာ ပြသနာတက်လာခဲ့ကြသည်
ရှောင်ကျန့်နဲ့အတန်းတူတဲ့ ကျင်းလင်တို့အုပ်စုရှောင်ကျန့်နောက်ကတစ်ကောက်ကောက်လိုက်ပြီး စကြသောကြောင့်ညီမဖြစ်သူ စွာတေးမနှင့်တွေ့ကာ စွာတေးမလေး ရွှယ်လုက တံမြတ်စီးနှင့်ခေါင်းကိုရိုက်ချလိုက်သောကြောင့် ကျောင်းအုပ်ကြီးရုံးခန်းမှာစီကားသိုက်မြိုက်စွာနဲ့အဆူခံကြရသည်ကျောင်းအုပ်ကြီးကရှောင်ကျန့်ကိုမဆူပေမယ့် ကျင်းလင်တို့သုံးယောက်နဲ့ရွှယ်လုကတော့ခံဝန်လက်မှတ်ထ်ုးလိုက်ကြရသည် ရွှယ်လုကကျောင်းမှာဆို သိပ်ဆိုးပါသည် သူ့ကောကိုမိန်းကလေးမပြောနှင့်ယောကျ်ားလေးတောင်အစမခံပါ စတာတွေ့တာနဲ့ တွေ့ရာနှင့်ကောက်ပေါက်တာမို့ ရှောင်းကျန့်မှာသူငယ်ချင်းတောင်သိက်မရှိ ရှားရှားပါးပါး လျိုဟိုက်ခွမ်းနှင့် နျဲ့ဟိုက်စမ်းတောင် ရွယ်လုထုသမျှခံလို့သာ မြဲနေတာ
"အဲ့ဒါနင့်ကြောင့်ကောကော"
ရုံးခန်းထဲကထွက်လာပြီးကျောင်းကော်ရစ်တာမှာလမ်းလျှောက်နေတုန်း အပြစ်တင်စကားဆိုလာသောညီမဖြစ်သူကြောင့် ရှောင်ကျန့်ခေါင်းကုတ်လိုက်ပြီး
"ရှောင်မိန်ကလဲဟာ နင့်ဘာသာသွားဆော်တာလေ ငါဘာမှမလုပ်ဘူးလေ"
"နင်ဟိုကောင်တွေရှေ့ဘာလို့သွားလဲ နင်သွားလို့သူတို့စတာလေ..ပြီးရင်ငါပဲ လူဆိုးမဖြစ်နေရတယ်"
"အာ..ရှောင်မိန် နင်ပြောသလိုဆို ငါလမ်းတောင်မလျှောက်ရတော့ဘူးလား...?"
"ကောကော..နင်လူကြီးဖြစ်နေပြီ..နင့်ကိုစရင်ပြန်ချလေဟာ..နင့်ကိုငါပဲလိုက်ထိန်းနေရတယ်"
"ရှောင်မိန်..နင်အဲ့ဒါတော့များသွားပြီ..ငါ့ကိုလိုက်ထိန်းနေရအောင်..ငါကလေးမှမဟုတ်တာ..ပြီးတော့ငါရန်မဖြစ်ချင်ဘူး...ငါရန်ဖြစ်ရင် ငါ့အသားနာမှာပေါ့"
"အော်...ကောကော နင်တရားတယ်..သူများနဲ့ကျရန်မဖြစ်ချင်ဘူး..ငါနဲ့ကျအမြဲရန်ဖြစ်နေပြီးတော့.. ဟွန့်"
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
ספרות חובביםငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး