နှင်းလူသားလေးနဲ့မိတ်ဆွေအသစ်တွေကိုနှုတ်ဆက်ပြီးအခန်းရှိရာသို့ပြန်တက်လာခဲ့သည်
အခန်းရှေ့ရောက်တော့ တံခါးဖွင့်ဖွင့်ချင်းအသံကျယ်ကြီးတစ်ခုကထွက်လာတာမို့ အခန်းထဲဝင်ပြီး ဧည့်ခန်းကိုလှမ်းကြည့်လိုက်သည် ဧည့်ခန်းရှိဆိုဖာပေါ်မှာ တီဗွီကိုကြည့်ရင်း မလှုပ်မယှက်ရပ်နေသောညီမကြောင့် ခေါင်းတစ်ချက်ခါလိုက်ပြီး
"ရွှယ်...နင့်တီဗွီသံကြီးကကျယ်လိုက်တာ...ဘာတွေအော်နေကြမှန်းလဲမသိဘူး..ဆူညံနေတာပဲ"
"......."
"ရွှယ်!!!တီဗွီအသံတိုးလို့...လီယိုဝမ် လီယိုဝမ်နဲ့ဘာတွေအော်နေတာလဲ လက်ဝှေ့ပွဲကြည့်နေတာလား"
ရှောင်ကျန့်အော်လိုက်တော့မှ မလှုပ်မယှက်ဖြစ်နေတဲ့ရွှယ်လုက သူ့ဘက်လှည့်လာသည် ရွှယ်လုပုံကြည့်ရတာလဲ တစ်ခုခုအံ့အားသင့်နေတဲ့ပုံလေးနဲ့ မျက်လုံးလေးပြူး ပါးစပ်လေးဟလို့
"ရွှယ်...ဘာဖြစ်နေတာလဲ"
"ကောကော...လီယို..."
"လီယို..ဘယ်ကလီယိုလဲ...ဘာဖြစ်လို့လဲ"
"ကောကော...ဟိုမှာကြည့်...ဝမ်ရိပေါ်"
"ဟင်!!!ရိ...ရိပေါ်"
ခေါင်းတဆက်ဆက်ညိမ့်လာတဲ့ညီမဖြစ်သူကြောင့် တီဗွီနားအပြေးအလွှားကြည့်တော့မှ အပြာရောင်ဆံပင်ရှည်လေးတွေနဲ့စင်ပေါ်မှာလှလှပပကြီး ကပြနေတဲ့ရိပေါ်
စင်အောက်ကပရိတ်သတ်တွေကလဲ လီယိုဝမ် လီယိုဝမ်ဆ်ုပြီးအော်ကာ အားပေးနေကြတယ်လေရှောင်ကျန့်အံ့အားသင့်လွန်းလို့ မတ်တပ်ရပ်နေရာကနေဆိုဖာပေါ်ထိုင်ယက်ကလေးပြုတ်ကျလာသည်
"ရိပေါ်...."
ဖန်သားပြင်ပေါ်မှာတွေ့နေရတဲ့မျက်နှာလေးကိုလက်ကလေးတွေနဲ့အသာတို့ထိကာ မခေါ်ရတာကြာတဲ့အမည်နာမလေးကို နှုတ်မှတမ်းတမ်းတတခေါ်နေမိသည် အသက်ရှင်နေသေးတယ်ဆိုတာနဲ့တင်ရှောင်ကျန့်ဝမ်းသာလွန်းနေပြီ သူ့မှာနေတိုင်းပူပင်နေရတာ ဒီကောင်လေးဘယ်မှာများနေလို့ ဘယ်ကိုများရောက်နေလဲ သူ့နေ့တိုင်းတွေးပူနေရတာ ပါပါးကိုလဲရိပေါ်ကိုမရပ်မနားရှာပေးဖို့ကိုဖုန်းပြောတိုင်းအမြဲမှာဖြစ်သည်
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး