အရေးပေါ်ခန်းရှေ့မှာခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေတဲ့ရိပေါ်ကိုကြည့်ကာ ရှောင်ပါးသက်ပြင်းချလိုက်သည် သူလဲပဲစိတ်တော့ပူနေတာပဲလေ အတော်ဆုံးဆရာဝန်တွေရှိနေတာပဲမှတ်လား
မင်ယွဲ့ရဲ့အခြေအနေကိုကြည့်ပြီး သူစောစောကြိုတင်ပြင်ဆင်ထားပေးခဲ့တာမို့အရမ်းတော့မစိုးရိမ်မိပေ"သား.ရိပေါ်..ဒီမှာလာထိုင်စမ်းပါကွာ..မင်းမားဘာမှမဖြစ်ပါဘူး ဦးလေးသေချာစီစဥ်ထားပါတယ်"
သူ့ဆီအကြည့်တစ်ချက်သာပို့ပြီး လမ်းလျှောက်မြဲလျှောက်နေတဲ့ကလေးက သူ့သားလိုပဲခေါင်းမာတတ်သေးတယ်လေ အစကသူ့ကိုသားအဖြစ်မွေးစားဖို့ပြောတုန်းကဆိုခါးခါးသီးသီးငြင်းခဲ့တာ သူ့မားနဲ့လက်ထပ်လိုက်လို့သာဘာမှမပြောတော့တာမဟုတ်လား
"အူဝဲ...အူဝဲ"
မွေးခန်းထဲကအသံကြားရသည်မို့ ရိပေါ်ခေါင်းငုံ့နေရာကနေခေါင်းထောင်ကြည့်လိုက်သည် ခွဲခန်းထဲကနေနာ့စ်တစ်ရောက်ထွက်လာပြီး "ကလေးအဖေဘယ်သူလဲ"လ်ု့မေးလာတော့ ရှောင်ပါးထသွားလိုက်သည် နာ့စ်လေးက ယောကျ်ားလေးမွေးပါတယ်ရှင် ဆိုပြီး ကလေးကိုသီးသန့်ခန်းဆီပို့ဖို့ခေါ်သွားလိုက်သည်ရိပေါ် သီးသန့်ခန်းဆီသွားနေတဲ့ နာ့စ်တွေလက်ထဲက ညီဖြစ်သူ ကလေးငယ်လေးကိုပြုံးကာငေးလိုက်ပြီး အခန်းထဲမားကိုလဲသတိရသွားကာ ဆရာဝန်တစ်ယောက်ကိုမားအခြေနေလှမ်းမေးလိုက်သည်
"မွေးလူနာက နှလုံးရောဂါရှိတော့ အရမ်းဂရုစိုက်မှရမယ် လောလောဆယ်တော့ အခြေနေကောင်းပါတယ် အခန်းထဲရွှေ့ပေးဖို့ပဲကျန်တော့တယ် ဒါနဲ့ အဖေရော သား ဆရာဝန်ကြီးကပြောစရာရှိလို့တဲ့"
"ဗျာ"
"သားတို့အဖေလေ"
"ဟို...ပါးက..."
"ကျွန်တော်ပါဆရာမ"
အသံနှင့်အတူရောက်လာသော ရှောင်းသခင်ကြီးကြောင့်ရိပေါ်မျက်မှောင်ကုတ်လိုက်မိသည်
"ဟုတ်ကဲ့ရှင့် ဆရာဝန်ကြီးကပြောစရာရှိလို့ လူနာရှင်ကိုမေးနေလို့ပါ "
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး