The Deepest 41

958 43 2
                                    

မနက်မလင်းတလင်း​လေးမှာ အိပ်ခန်းထဲရှိ ပန်းချီကားတစ်ချို့နဲ့အဝတ်အစားများကိုluggageထဲထည့်ကာ ပြင်ဆင်စရာရှိတာပြင်ဆင်​နေလိုက်သည် သိမ်းစရာရှိတာသိမ်းပြီးတာနဲ့ ​ရေချိုးခန်းထဲအမြန်​ပြေးဝင်လိုက်သည် မျက်နှာသစ်​ရေချိုးပြီး​တော့ တီရှပ်အဖြူတစ်ထည်နဲ့ စတိုင်ပန် မိုးပြာ​လေးကို​ကောက်ဝတ်လိုက်သည် လက်မှာလဲနာရီတစ်လုံးပါတ်ထားလိုက်ပြီး bootအဖြူ​လေးတစ်ရံကိုစီးကာ မှန်​ရှေ့သွားရပ်ကြည့်လိုက်သည် မှန်ထဲမြင်​နေရ​သော အနည်းငယ်ရှည်ချင်​နေတဲ့ဆံပင်​လေး​တွေကိုအသာသပ်တင်ရင်း မှန်ကိုကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်

သူဒီ​နေ့ ကိုယ့်အိမ်ကိုယ်ပြန်ရ​တော့မှာမို့ အရမ်း​ပျော်​နေမိသည် သူအိမ်နဲ့ခွဲ​နေတာ ငါးနှစ်​တောင်ရှိသွားပြီ​လေ ပြန်​ရောက်တာနဲ့ မားဆီကိုလဲသွား​တွေ့ရမယ် သူဒီ​မှာ​ကျောင်းလာတက်ကတည်းက မားဆီမ​ရောက်​တော့တာ​လေ ပြီး​တော့ ရိ​ပေါ်လဲပြန်​ရောက်​နေပြီဆို​တော့ ရိ​ပေါ်ကိုရှာရအုံးမယ်​ သူ့အ​တွေးနဲ့သူမှန်​ရှေ့ရပ်​နေမိရင်း အပြင်ကတံခါး​ခေါက်သံကြားမှ အ​တွေးတို့ကိုရပ်လိုက်မိသည်

"​ကော​ကော ပြီးပြီလား ​လေယာဥ်ချိန်အမှီသွားရမှာ​နော်"

"အင်းရွှယ်...ပြီးပြီ...​ကော​ချောတယ်မဟုတ်လား...ဟီးး"

"အဟွတ်...အဟွတ်...ဒီ​ချောင်းကလဲခုမှလာဆိုး​နေတယ်...အဟမ်းးး"

သူ​မေးကာမှ​လုပ်​ချောင်းဆိုးပြ​နေတဲ့ညီမကို မဲ့ပြလိုက်ပြီး မျက်​စောင်းလှမ်းထိုးလိုက်​သေးသည်

"ဒါ​လေး​မေးတာကိုဖြစ်ပျက်​နေတာ အံ့သြပါတယ်...ဟွန်ူးးး"

"ရွှယ်ကစတာပါ​ကော​ကောရယ်...ရွှယ့်အကိုကတစ်​လောကလုံးမှာအ​ချောဆုံးပဲ"

ထိုအခါမှ​ကြေနပ်သွားသည့်ဟန်ဖြင့်ရှက်ပြုံးပြုံးလိုက်ပြီး

"စာ​သေချာလုပ်အုံး က​လေးမ ​ဒီမှာအဝ​ပျော်ခဲ့ ပြန်​ရောက်ရင်ပါပါးကခိုင်း​တော့မှာသိတယ်ဟုတ်"

ရွှယ်လုနထင်ကိုလက်ညိုးနဲ့ထိုးကာ​ပြောလိုက်​တော့ ရွှယ်လုကမျက်နှာ​လေးမဲ့သွားပြီး

The Deepest(အနက်ရှိုင်းဆုံး)♡Completed♡Where stories live. Discover now