"တီတီတီတီတီ"
လူနာခေါင်းရင်းကမော်နီတာကအသံကြောင့် လူနာစောင့်နေတဲ့သူရော ဆရာဝန်တွေပါအထိတ်တလန့်ဖြစ်ကုန်ကြသည်
"လူနာရဲ့နှလုံးခုန်နှုန်းအရမ်းကျနေတယ်ဆရာ"
"CPRလုပ်မယ်"
"CPRအဆင်သင့်ဖြစ်ပါပြီဆရာ"
"80 ဂျိုး"
"မရဘူးဆရာ"
"100 ဂျိုး"
"မရဘူးဆရာ"
"200ထိတင်ရအောင်"
"ပုံမှန်ပြန်ဖြစ်ပါပြီဆရာ"
"ဆေးသေချာပြန်ချိတ်ခဲ့ပေးလိုက်ဒေါက်တာ"
"ဟုတ်ကဲ့ပါဆရာ"
ဆရာဝန်တွေအခန်းထဲကပြန်ထွက်ပြီး စိတ်ချရပြီဆိုမှ လူနာစောင့်နေကြတဲ့သားအမိတွေအခန်းထဲပြန်ဝင်လာခဲ့သည်
"မာမားးးသူဘာမှထပ်မဖြစ်လောက်ပါဘူးနော်"
"မဖြစ်တော့ပါဘူး သမီးရယ် ဆရာဝန်ကြီးကစိတ်ချရပြီလို့ပြောသွားတာပဲကို"
"ဟုတ်သားပဲကျဲရယ် ဆရာဝန်ကြီးတွေပြောသွားတာပဲကို"
"အဟင့် ကျဲကစိတ်ပူလို့ပါဟာ သူကငါ့အသက်ကယ်ပေးဖူးတယ် ခုလဲငါတိူ့ကြောင့်သူခုလိုဖြစ်ရတာ သူ့တစ်ခုခုဖြစ်သွားမှာစိုးတယ်ဟ ခုတောင်သူသတိမရသေးတာ နှစ်နှစ်တောင်ရှိပြီလေ"
"ကဲပါသမီးရယ် စိတ်မပူနဲ့တော့ မားတို့အကောင်းဆုံးဆရာဝန်တွေနဲ့ကုခိုင်းထားတာလေ အရမ်းလဲစိတ်ပူမနေပါနဲ့တော့ ကြားလား တိတ်တော့နော်"
ကုတင်ပေါ်က ကိုမာဝင်နေတဲ့လူနာကတော့ငြိမ်သက်စွာလဲလျောင်းလို့ အိမ်မက်တွေထဲထိဘယ်အရာတွေကနှောင့်ယှက်လို့နေလဲမသိ မျက်ရည်ကြည်တစ်စက မျက်ဝန်းထက်မှလှိမ့်ဆင်းလာခဲ့သည်
________________________________*
"ဟျောင့်ရှောင်ကျန့် မင်းကကွာနေနိုင်လိုက်တာ နည်းနည်းလေးတောင်မဆက်သွယ်ဘူး ဘာလဲသူငယ်ချင်းအသစ်ရသွားလို့လား အဲ့ကောင်တွေကြောင့်ငါတို့ကိုတောင်သတိမရတော့တာလား"
YOU ARE READING
The Deepest(အနက်ရှိုင်းဆုံး)♡Completed♡
Fanfictionငါမင်းကိုချစ်မိနေပြီဆိုရင်တောင် မင်းဘယ်တော့မှမသိစေရဘူး