Now Playing:
[Confess to you]-[Lim Kim]
0:00 ❍─────── 3:08
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%မြို့နယ်အားကစားခန်းမထဲ တဘုန်းဘုန်း ဘောလုံးရိုက်သံကြားပြီး Gyuvin ရင်ထဲ တစ်မီး အရင်ငြိမ်းသည်။
တံခါးဝရပ်ချိန် လျှာလေးလေးလေးနဲ့ ကိုရီးယားစကားပြောနေသံကို ကြားတော့ နောက်တစ်မီး ငြိမ်းသည်။
တံခါးမကြီးကို ဆွဲဖွင့်လိုက်ပြီး စိတ်ပါလက်ပါ ထရယ်နေသည့် ကျောပြင် ပါးပါးကို မြင်ရသည့်အခါ ရင်ထဲ ပကတိ အေးသည်။
တံခါးသံ ခြေသံ အတူဆော့ကစားနေကြသူများ၏ လက်ညှိုးထိုးပြမှုတို့ကြောင့် Ricky က လှည့်ကြည့်လာသည်။
"Ricky မင်းကို တီတီလေးတို့ စိတ်ပူနေပြီကွ"
"ငါ ပြောပြီးမှ ထွက်လာတာလေ Gyuvin ..... ငါ ကြာများ ကြာသွားလို့လား"
Ricky ပြာပြာသလဲဖြစ်သွားပုံက Gyuvin အတွက် ချစ်ချင်စရာ။
"မနက်က ဒီကောင်တွေက ငါ ရောက်နေတာ ကြားပြီး လာခေါ်လို့"
Ricky မှာ သူငယ်ချင်းရှိနေတာလား။ Gyuvin မသိသည့် ချည်နှောင်ခြင်းတွေ သူ ပိုင်ထားတာလား။
"Ricky ထက် ကျွန်တော်က ပိုတော်တာနော် သူ မပြောဘူးမလား"
Gyuvin က Ricky လက်ထဲက ဘောလုံးကို လုယူလိုက်သည်။
"Gyuvin က balancing ပဲ ရတာ အပေါက်အလမ်းတည့်တာ မဟုတ်ဘူး"
"Kim Ricky ငါက ကျောင်းဘောလုံးလက်ရွေးစင်နော်"
"Oh God ဘောလုံးတိုင်း ဘောလုံး မဟုတ်တာ Kim Gyuvin ကို တစ်ယောက်ယောက် ရှင်းပြကြပါဦး"
"မင်း ဒါတော့ ငါ့ကို အထင်သေးလွန်းပြီ ဘက်စကတ်ဘောလည်း ငါ ရပါတယ် ပြိုင်ဆော့မလား အခု"
"Anytime ပါ ဘာကြေးလဲ မင်းရှုံးရင် ငါ့ကို တစ်သက်လုံး အစ်ကို ခေါ်ကြေး ချမလား"
"ရူးနေလို့ ငါက လောင်းရမှာလား"
"မင်း ရှုံးမှာ သိနေတာပဲ ကျွတ် ကျွတ်*
"Kim Ricky!
Gyuvin အော်နေတုန်း Ricky က ဘောလုံးကို ဝင်ဆွဲကာ အဝေးမှပင် အထာကျကျ ပိုက်ခြင်းထဲ ပစ်သွင်းလိုက်သည်။ ၃ မှတ်တန် ဂိုးလေးက လှလှပပ။
YOU ARE READING
𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 Started writing at his birthday. This is my first completed work. It can be so RAW. So, I appreciate your understanding.