Now Playing:
[Reveal]-[THE BOYZ]
0:00 ❍─────── 3:31
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%ပင်လယ်က လှသည်။ ဆားငန်ရေနှင့် ထိလိုက် ပက်လိုက် ကစားသည့် Ricky က ပိုလှသည်။ ဒါကြောင့် Gyuvin သူ့ကို ပိုလှအောင် ရေထဲ တွန်းချရင် ကောင်းမလား တွေးနေမိသည်။
"Gyuvin ငါ အေးတယ်"
ရေစိုမှာ အင်မတန် လန့်သည့် ကြောင်တစ်ကောင်လို၊ Ricky က Gyuvin အတွေးကို သိနေသလို ပြောလိုက်သည်။
သူ မကြိုက်ဘူး ဟင့်အင်းဆို Gyuvin က သူ့ကို ဖျာလိုလိပ်ပြီး ထိပ်ပေါ်ရွက်ထားမည် ဖြစ်ကြောင်း Ricky သိသည်လေ။
"အေးရင်လည်း ပြန်မယ်လေကွာ"
Gyuvin ပြန်ပြောလိုက်သည်။ ကျောက်တုံးမဲမဲ မညီမညာတွေပေါ် လျှောက်နေသည့် Ricky လက်ကို ကိုင်ရင်း ရေထဲက သွားရသည့် Gyuvin ဒုက္ခက မသေး။ Ricky က ရုတ်တရတ် ရေလာလာပက်လို့လည်း Gyuvin ကျောင်းဝတ်စုံ ကုတ်အင်္ကျီက ရွှဲနေပြီ။ သို့သော် ကုတ်အင်္ကျီကို ချွတ်ဖို့ သူ လက်လွှတ်ရင် Ricky ရေထဲ ကျမှာ စိုးရသည်။
"တကူးတက လာတာကို ပြန်စရာလား"
Ricky က ကလေးလို ပူဆာတာ ရှားပါသည်။ ထို့ကြောင့် သူ့ဘက်က ဂျယ်ဂျူး သွားချင်သည် ပြောသည့်အခါ Gyuvin သည် မဆိုင်းမတွ ဖခင်ထံ ခွင့်တောင်းပြီး၊ တနည်း ငွေဝင်ထုတ်ပြီး ရောက်လာခြင်း။
ကျောင်းကနေ တန်းပြီး။
တစ်နာရီကျော် လေယာဉ်စီးပြီး။
Ricky ရှန်ဟိုင်း မသွားခင်အမီ အရောက်ပြန်လာပါမည့် ကတိနှင့်။
"ဟိုးဘက်က လမ်းမကြီးပေါ် ကားပတ်မောင်းချင်တယ်"
Ricky က ထပ်ပူဆာသည်။
"ငါ လိုင်စင်ရရင် မောင်းတာပေါ့"
"မင်း လိုင်စင်ရရင် ငါ ဒီမှာ မရှိတော့ဘူးလေ Gyuvin"
Gyuvin သူ့ကို မတုန့်ပြန်ဖြစ်တော့။
Gyuvin သူ့ကို မေးခဲ့ပြီးပြီပဲ။ အတူတူ မိုက်တွင်းနက်ဖို့။
YOU ARE READING
𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 Started writing at his birthday. This is my first completed work. It can be so RAW. So, I appreciate your understanding.