Now Playing:
[One Last Time]-[Ariana Grande]
0:00 ❍─────── 4:10
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%Gyuvin က လုပ်သင့်လုပ်ထိုက်တာကို လုပ်တတ်သော သူဖြစ်သည်။ ဥပမာအားဖြင့် စာမေးပွဲ နီးပြီ။ စာကျက်ရမည်ဟု အသိဝင်ခြင်း။
ဒါကြောင့် သူ Ricky ကို ဆိုးလ် ပြန်ကြဖို့ ပြောတော့ Ricky မြန်မြန် ခေါင်းညိမ့်ဖြစ်သည်။ Gyuvin အဖေက ဘယ်သူ့ကို ဆက်ခံသူရွေးမလဲ မသိသေးသော်လည်း Ricky ခံစားမိသလောက် ပညာရေးအရ Gyuvin က အခွင့်အလမ်း ပိုများသည်။
Gyuvin ကတော့ ပြောပါသည်။
"အဖေနဲ့ မင်းအမေအကြောင်းလည်း မင်း သိသားပဲ ငါတို့ နှစ်ယောက်လုံး choice ထဲ မပါဖို့ ၁၀၀% သေချာတယ်"
"ဒါမယ့် မင်းက ဖြစ်နိုင်ပါတယ် ဒယ်ဒီက သားအရင်းကိုပဲ ဦးစားပေးမှာပေါ့"
"ခဏ!
"ဘာခဏလဲ"
"မင်း ငါ့အဖေကို ဘယ်လိုခေါ်လိုက်တယ်"
"ဪ ဘာများလဲလို့ ဒယ်ဒီလေ"
"မခေါ်နဲ့ အဲ့လို ငါ မကြိုက်ဘူး"
Gyuvin သဝန်တိုတတ်သလား။ Ricky မသိ။ အဝေးပြေးလမ်းမပေါ် က ကားငြိမ့်ငြိမ့်ညောင်းညောင်းပေါ်တွင် သီချင်း Genre မျိုးစုံကို နားကြပ်ဝေမျှ နားထောင်နေရင်း Ricky သူ့လည်ပင်းကို ဖွဖွလေး လှမ်းဆွဲပြီး ခေါင်းကို နှစ်သိမ့်သလို ပုတ်လိုက်သည်။
"မင်းအဖေကို ငါ မလုပါဘူးကွာ မတွန့်တိုပါနဲ့"
"မင်း ဘာတွေပြော!
"မင်းက ကလေးလေးလို မင်းအဖေကို သဝန်တိုနေတာကိုး"
"ကျစ်*
Gyuvin ထိုင်နေရာမှ ဝုန်းခနဲ ဘေးလှည့်လိုက်သည်။ Ricky ရင်ထဲ ရေခဲလောင်းချလိုက်သလို။
သူက Ricky နှုတ်ခမ်းဖူးတွေကို ဗြုန်းစားကြီး ထတိုက်ခိုက်သည်လေ။
Gyuvin က ဆံပင်ထဲ ရှိနေခဲ့သော ကြောင်သေသေနေသည့် Ricky လက်ကို နောက်ပြန် ဖမ်းကိုင်သည်။ နောက်လက်တစ်ဖက်ကိုပါ ဆွဲယူပြီး သူ့လည်ပင်းကို သိုင်းဖက်စေသည်။
အနမ်းမပျက်။
Ricky သာ အတင်းရုန်းမနေရင် လူတစ်ကိုယ်လုံးပင် ပေါင်ပေါ် ပွေ့ချီပြီးလောက်ပေပြီ။ အခုတော့ ခြေနှစ်ဖက်ပါ Gyuvin အားနှင့် ပေါင်ပေါ် ဆွဲယူနေရာချထားခြင်း ခံရပြီးနောက် Ricky ခမျာ ကားခုံတွဲ ကျဉ်းကျဉ်းတွင် သူ့ကို ပြန်နမ်းရန်မှလွဲ ရွေးစရာမရှိ။

YOU ARE READING
𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 Started writing at his birthday. This is my first completed work. It can be so RAW. So, I appreciate your understanding.