Now Playing:
[Streets]-[Doja Cat]
0:00 ❍─────── 4:34
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%နေထွက်ရာအရပ်ကို မျက်နှာမူ၍ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းလိုက်ပြီးချိန် Gyuvin ရင်ထဲ ဟာခနဲ လွတ်ထွက်သွားသည်။
ဧည့်ခန်းထဲ ချခင်းပေးထားသည့် ဘေးချင်းယှဉ် အိပ်ရာနှစ်ခုတွင် Gyuvin ငေါက်ခနဲ ပြူးခနဲ ထထိုင်လိုက်မိသည်။
Ricky က ဘေးမှာ မရှိနေ။
Gyuvin သတိရသလောက် မနေ့ညက အိပ်ရာဝင်သည်အထိ Ricky က သူ့အနား လုံးဝပြန်ပေါ်မလာသော်လည်း၊ တရေးနိုး __ ရင်ခွင်ထဲ ဝင်တိုးသော အထိအတွေ့ကို Gyuvin ခံစားရသည်။
မျက်လုံးဖွင့်မိလျှင် ထွက်ပြေးသွားမည် စိုးကြောက်စိတ်နှင့် တံတွေးတောင် မြိုမချရဲခဲ့သော Gyuvin အတွက် Ricky က သိသလို မသိသလို ဖက်သည်။ ခွသည်။ လက်ကလည်း မငြိမ်။
Gyuvin သည်းခံပါရမီဖြည့်သေးသော်လည်း အာရုဏ်ဦးတွင် မှေးခနဲ အိပ်ပျော်သွားပြီး၊ အခုတော့ Ricky က မရှိတော့။
"ကျစ်* အဲ့လိုမှန်းသိ ငါကွာ"
"Gyuvin လေး နိုးပြီလား"
"တီတီလေး!"
Gyuvin က ရေနစ်သူလို ကောက်ရိုးမျှင်လို အဒေါ်ဖြစ်သူခြေထောက်ကို အတင်းဖမ်းဆွဲသည်။
"ဟဲ့ ဘာဖြစ်တာလဲ"
"Kim Ricky ကို မတွေ့တော့လို့"
"ဪ ..."
"ဘာ ဪ လဲလို့ သူ ပျောက်သွားရင် အဖေက ကျွန်တော့်ကို သတ်မှာဗျ"
"ဪ ..."
ပထမအာမေဋိတ်နှင့် ဒုတိယအာမေဋိတ်က ညွှန်းကိန်းရော သက်ရောက်မှုပါ မတူမှန်း Gyuvin သိပ်သိပါသည်။ ပီတာဖခင်၏ ကိုယ်ပွါးလို တူသော နှမဖြစ်သူ Kim မျိုးနွယ် အမျိုးသမီးကြီး မျက်နှာထား ချီလိုက်ပုံက Gyuvin ကို တစ်ခုသော အိပ်မက်ဆိုးမှ ပြန်ဆောင့်ခေါ်သလို။
ထိုနေ့က မိုးတွေ အရမ်းရွာနေခဲ့ပြီး အခုရာသီနှင့် လားလားမျှ မဆိုင်သော်လည်း၊ ခံစားရသည့် သောက ကတော့ လုံးဝသက်ဆိုင်သည်။
မိုးရေထဲ Ricky ကို ပွေ့ချီပြီး ပြေးလိုက် ရပ်လိုက် ငိုင်လိုက် ပူလောင်ခဲ့ရသည့် ည။

BINABASA MO ANG
𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 Started writing at his birthday. This is my first completed work. It can be so RAW. So, I appreciate your understanding.