Now Playing:
[One Right Now]-[Post Malone, The Weekend]
0:00 ❍─────── 3:36
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%Gyuvin ကားပေါ် အချိန်အတော်ကြာ ထိုင်နေမိသည်။ နာရီလည်ပတ်မှုကို အသိမဝင်၍လည်း ဖြစ်သည်။ ဗလာနယ်တွင် သူ ကင်းမဲ့နေသလို။
ကားမှန်တံခါးကို ထိရိုက်သည့် ဆူညံသံကြောင့် Gyuvin ဘေးသို့ ကြည့်မိသည်။ ထီးတစ်ချောင်းနှင့် မှန်ကို ရိုက်နေသည့် Jangmi က သူ့ကို လက်ပြနှုတ်ဆက်သည်။ စိတ်ပူနေဟန်လည်း ရှိ၏။ သူမကို စိတ်ပူစေမိသည့် သူ့ကိုယ်သူ အပြစ်တင်ရင်း Gyuvin ကားပေါ်မှ ဆင်းသည်။
ဒရိုင်ဘာဦးလေးကြီးက သူ့ကို မသတီဖွယ်ရာလို စွေစောင်းကြည့်နေသည်။ ကောင်မလေးက လာကြိုခြင်း၊ မကြာသေးခင်ကပင် ယောင်္ကျားချင်း နမ်းခဲ့ခြင်း နှစ်ခုပေါင်းစပ်သော် ပဟေဠိက အဖြေညှိရန် မခက်။
Gyuvin က မဲ့ပြုံး ပြုံးပြလိုက်သည့်နောက် ဒရိုင်ဘာဦးလေးကြီး ခေါင်းငုံ့သွားသည်။ ဒီရုပ်ဒီရည်ဒီဟန်ပန်နှင့် မွေးဖွားလာပါက မိမိလည်း ဒီလို ပြုမူနိုင်ကြောင်း အမြင်မှန်ရသွားပုံရသည်။
"စောင့်နေရတာ ကြာသွားလား"
Gyuvin အမေးကို သူမ ခေါင်းခါပြသည်။ သူ့မျက်နှာကို အကြားအလပ်မရှိ အကဲခတ်နေသည့် Jangmi မျက်ဝန်းများကို Gyuvin မလုံမလဲ ရှောင်မိသည်။
"ထီးက ဘာလို့ ယူလာတာလဲ"
စကားလည်း လွှဲရင်း။
"ဒီနေ့ နှင်းမိုးရွာမယ်တဲ့ သတင်းက"
"တကယ်ကြီးလား ပြဿနာပဲ ဟိုကောင် အဖေ့ဆီ တန်းမှသွားပါ့မလား မသိဘူး"
"ဪ ... နင် နင့်အစ်ကိုနဲ့ ပြန်လာတာလား"
အလွတ်စုံထောက်ထက် သူမက စူးရှသည်။ သူ အထစ်ထစ်ငေါ့ငေါ့ ငြင်းဆန်မည် ပြင်သည့်အခါ သူမက အပြစ်မတင်စွာ သက်ပြင်းသာ ချသည်။
"ပြတ်ခဲ့တာလား"
သူမ၏ တုတ်ထိုးအိုးပေါက်အမေးမှာ သူ ငိုင်သွားရသည်။ အမှန်တရားကို တစ်စုံတစ်ယောက်၏ နှုတ်မှ ကြားရခြင်းဖြင့် Gyuvin ထိန်းထားသည့် ထုထည်တစ်ခုက ပြိုကျသည်။

YOU ARE READING
𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed
Fanfiction[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 Started writing at his birthday. This is my first completed work. It can be so RAW. So, I appreciate your understanding.