Now Playing:
[Winter Flower]-[Younha feat.RM]
0:00 ❍─────── 4:07
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%"Gyuvin မင်း တစ်ခုခု ပြောလိုက်တာလား"
Ricky တစ်ယောက် ခေါင်းကို ဖွဖွလေး ကိုင်ထားသည့် လက်ကြီးကြီးလေးထံမှ ရုန်းထွက်သည်။ မာနကြီးသော ကြောင်လေးများလို။
မျက်ခုံးတစ်တန်းတည်း ယှဉ်ရပ်မိတော့ သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေသည့် Gyuvin နှင့် မျက်လုံးချင်းဆုံသည်။
"တစ်ခုခု ပြောလိုက်သေးလားလို့"
"အင်း ..."
"ဘာပြောလိုက်တာလဲ"
Gyuvin က Ricky အမေးကို မဖြေ။ မဖြေချင်ဟု ပြောရလျှင် ပိုမှန်မည်။ Gyuvin အတွက် ဖြေဖို့ အဓိပ္ပါယ်မရှိဟု ထင်မိသောကြောင့်လည်း ဖြစ်သည်။
ရှင်းရှင်းပြောရရင် Gyuvin သည် Ricky ကို ချစ်တာမှ မဟုတ်သည်ပဲ။
ပထမဆုံးအကြိမ် တွေ့ရစဉ်ကတည်းက သူ Ricky ကို သဘောကျခဲ့သည်။ ဖေဖေက အိမ်ထောင်ရေးရုပ်ရှင်ကားတွေထဲကလို ဒါ သားမေမေဖြစ်လာမယ့် အမျိုးသမီးလေ ဟု မိတ်ဆက်ပေးပြီး Gyuvin ခေါင်းထဲ စပေါ်လာသည့် အတွေးက ဘေးက မွေးစားအစ်ကိုဖြစ်လာမည့် ကောင်လေးကို စနောက်ချင်စိတ်။
Gyuvin က အစအနောက်သန်သည့် တစက်ကလေးမှ ဂဏှာမငြိမ်သည့် ကလေး။ မှတ်မှတ်ရရ အိမ်လိုက်အိပ်သည့် ပထမညမှာပင် Gyuvin ကျီစားမှုကြောင့် Ricky ငိုသွားသည်။
ရက်အချို့ကြာသည့်အခါ Ricky ကို စနောက်ရခြင်းအား သူ စွဲလမ်းလာသည်။ အသက် ၇ နှစ်အရွယ် ကလေးတစ်ယောက်က ဘယ်လောက် တွေးခေါ်နိုင်စွမ်း ရှိမှန်း Gyuvin ပြန်တွေးပြီး နှာခေါင်းရှုံ့မိပါသည်။ ကျောင်းစာသင်နေချိန်မှာပင် Ricky ကို မြွေရုပ်နှင့် စရမလား၊ စတော်ဘယ်ရီနို့ဘူးကို ဖွက်ထားရမလား၊ စားနေတုန်း ထမင်းဘူးထဲ ရေလောင်းထည့်ရမလား၊ အိမ်သာတက်လျှင် အပြင်က သော့ပိတ်ပစ်ရမလား၊ သရဲခြောက်ပြရမလား၊ ယူနီဖောင်းတွေကို ဘောပင်လျှောက်ခြစ်ရမလား အတွေးတမျှော်တခေါ်နှင့် သူ ပျော်ခဲ့သည်။
ထူးဆန်းစွာပင် Ricky က Gyuvin ကို တစ်ခါမှ အော်သည် တိုင်သည် မရှိခဲ့။ အခုလို စကားလည်း သိပ်နားမလည်သေးသောကြောင့် ဖြစ်မလား မပြောတတ်။ ထို့ကြောင့်လည်း အချိန်တန်တော့ စိတ်မကောင်းဖြစ်ရသည်က Gyuvin သာ။
ESTÁS LEYENDO
𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed
Fanfic[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 Started writing at his birthday. This is my first completed work. It can be so RAW. So, I appreciate your understanding.