TWO

1.6K 152 3
                                    

Now Playing:
[Fearless]-[Taylor Swift]
0:00 ❍─────── 4:05
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%

Ricky ခေါင်းထဲက အမှတ်တရတို့ကို ဖျစ်ညှစ်ထုတ်လျှင် ဟိုးဝေးဝေး အောက်ခြေကပ်နေမည့် ဒိုင်ယာရီတစ်အုပ် ရှိမည်။ နွေပုဇဉ်းရင်ကွဲသံ တစီစီ ဖုန်တက်နေသည့် ညနေခင်းတစ်ခု ရှိမည်။

ပြီးတော့

ရေးလက်စ ခဲတံကို ဆွဲယူပြီး ခေါင်းငဲ့ကာ နှုတ်ခမ်းကို နမ်းသွားသည့် မျက်လုံးဖူးဖူးတို့ရှိသော ကလေးတစ်ယောက်။

"Gyuvin လေးကတော့လေ မပြောမဆို ပေါက်ချလာတာပဲ ကျောင်းပိတ်ရက်လည်း မရောက်သေးဘဲနဲ့"

"တီတီလေးတို့ကို လွမ်းလို့လေ ဪ ဒါနဲ့ ကျွန်တော် ရောက်လာတာ အိမ်ကို မပြောနဲ့နော်"

"မပြောလို့ ရမလား လူကြီးတွေ စိတ်ပူနေမှာပေါ့ နေပါဦး ဒါကရော ဘယ်သူလဲ"

အဖေ့ဘက်မှ အမျိုးများက Gyuvin စရိုက်ကို သိသည်။ သူ့အရွယ်နှင့်ပြောရလျှင် Gyuvin က လိမ္မာသည်။ သို့သော်လည်း စိတ်ရူးပေါက်ရာ ထလုပ်တတ်သည်က Kim မျိုးနွယ် သမိုင်းပေးဗီဇလို။

"Ricky လေ မမှတ်မိဘူး မလား"

Gyuvin က စနောက်ချင် ခွီချင်နေသည့် ရုပ်နှင့်။ Ricky ရန်တွေ့မည်အလုပ်၊ အမျိုးတသိုက်၏ အုတ်အော်သောင်းနင်း အားပေးမှုကြား ဝန်းရံခံလိုက်ရသည်။

"ဟယ် Ricky လေးလား အစ်ကိုကြီးတို့နဲ့ ပါလာတုန်းက သေးသေးလေးလေ"

"အမယ်လေး အရပ်ကြီး မိုးထိုးလာတာ ကြည့်ပါဦး"

"ချောလိုက်တာ သားလေးရယ် အမေတူတာ ကလေးက သူ့အမေအတိုင်းပဲ"

အလိုလို ဘေးရောက်သွားရသည့် Gyuvin။ ငြိုငြင်နေမည့် နှုတ်ခမ်းဆူဆူကို မှန်းဆရင်း Ricky လှမ်းကြည့်မိချိန် ဆောင်းကို နွေးစေသည့် အပြုံးလက်လက်ဆတ်ဆတ်က ရှစ်ခွင်တိုင်း လင်းလဲ့တောက်ပစွာ။

တစ်ခုသော နွေကို တမ်းတမိစေသည်။

'ငါ အရင် ဝင်နှင့်မယ်'

Gyuvin က ပါးစပ်ဟန်ပြကာ အိမ်ထဲ လက်ညှိုးထိုးပြသည်။

နယ်အိမ်ပီသစွာ ဝန်းနှင့်ခြံနှင့် ခွေးတစ်ကောင်နှင့် သစ်သားကွပ်ပျစ်နှင့် မြက်စိမ်းနံ့ ကျောက်ပြားချပ်များပေါ် နှင်းရေရောသည့် ရနံ့။ လွန်ခဲ့သည့် ဆယ်နှစ်တုန်းကလို မပြောင်းလဲ။

𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed  Wo Geschichten leben. Entdecke jetzt