Now Playing:
[Tattoo]-[Loreen]
0:00 ❍─────── 3:04
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%မေမေမောင်းသော ကားတွင် Gyuvin နှင့်အတူ နောက်ခန်းမှာ ထိုင်ရင်း Ricky ခေါင်းငုံ့ပြီး ဒူးတွေကိုပဲ စိတ်ဝင်တစား ငြိမ်ကြည့်နေမိသည်။ ဘေးတစ်လက်မလေးမှ မျက်လုံး မလှည့်ရဲစွာ။
Ricky က မေမေ့ကို ကြောက်ရတာ မဟုတ်ပါ။ Ricky လက်ကို ဆွဲပြီး Gyuvin ဖေဖေမျက်နှာ တစ်ကမ္ဘာထင်ကာ ရောက်လာသည့် နိုင်ငံခြားသားတစ်ယောက်အဖြစ် ဒုတိယအိမ်ထောင်ဖက်အဖြစ် မေမေ့ ဒုက္ခတွေကို Ricky သိနေခဲ့ရတာမို့လည်း နောက်တစ်ခါ မာတာမိခင်၏ စိတ်ပင်ပန်းရမှု အကြောင်းအရင်း သူ မဖြစ်ချင်ရုံသာ။
"သားတို့ဖို့ ဒိုးနပ်တွေ ဝယ်လာသေးတယ်"
သူမက နောက်ကြည့်မှန်ကနေ Gyuvin ကို မေးငေါ့ပြသည်။ ထိုင်ခုံပေါ် အဆင်ပြေသလို ချထားသည့် ပလက်စတစ်အိတ်ထဲ ရှာကြည့်ရန် ဟန်ပြသည်။
Gyuvin တံဆိပ်ရိုက် စက္ကူမုန့်ဘူးကို ဖွင့်တော့ မြေပဲနှင့် ချောကလက်ဒိုးနပ်တွေ အပြည့်။
"Ricky က original ပဲ စားတာ"
Gyuvin ပြောလိုက်တော့ Ricky တုန်ခနဲ ဖြစ်သွားမိသည်။ အမေ့ကို ဖျတ်ခနဲ လန့်ကြည့်မိသည်။
သူမက ရယ်နေသည်။
"သား အလိုလိုက်ထားလို့ Quanrui က ဂျီးများနေတာပေါ့"
"မဟုတ်ပါဘူး Ricky က လိုချင်တာပြောတတ်တဲ့သူမျိုးတောင် မဟုတ်ဘူး"
မွေးထုတ်ထားသည့် မိခင်ကို ပြန်ခံပြောနေသည့် Gyuvin ကို Ricky ခိုးကြည့်မိသည်။
Gyuvin က သူ့ကို ပြန်ကြည့်လာသည်နှင့် ပက်ပင်းတိုးသည်။ Ricky မျက်နှာလွှဲမည် ပြင်သည့်အခါ Gyuvin က သူ့လည်တိုင်ကို လှမ်းဖမ်းကိုင်သည်။ အတင်း မျက်နှာချင်းဆိုင်စေသည်။
"Gyuvin!!
Ricky သူ့လက်ကို ခွါဖို့ ကြိုးစားသည်။
Gyuvin က တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ၊ Ricky သူ့ကို ခေါင်းခါပြမိသည်။ ဘယ်လောက်ပဲ မေမေက သဘောတူခဲ့သည့် ဆက်ဆံရေးဆိုလည်း အခုလို ရှေ့တည့်တည့် အတင့်ရဲဖို့က မဆီလျော်။

KAMU SEDANG MEMBACA
𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed
Fiksi Penggemar[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 Started writing at his birthday. This is my first completed work. It can be so RAW. So, I appreciate your understanding.