Now Playing:
[Attention]-[Charlie Puth]
0:00 ❍─────── 3:52
↻ ⊲ Ⅱ ⊳ ↺
Volume: ■■■■■■■■□□ 80%***DISCLAIMER: THIS STORY CONTAINS ADULT LANGUAGE AND EXPLICIT SEXUAL CONTENT. IT IS NOT SUITABLE FOR ANYONE UNDER THE AGE OF 18 AND MAY NOT BE SUITABLE FOR ALL ADULT READERS. VIEW AT YOUR DISCRETION.***
Gyuvin ရေချိုးခန်းက ထွက်လာတော့ သီချင်းတအေးအေးနှင့် ပန်းကန်ဆေးနေသည့် Ricky သာ မီးဖိုချောင်ထဲ ရှိသည်။
"တီတီလေးတို့ရော"
"သက်ကြီးခေါင်းချချိန် ရောက်ပြီလေ"
"အဲ့စကားမျိုး ဘယ်က တက်လာပြန်တာလဲ"
ရင်ခေါင်းသံနှင့် အံ့ဩတကြီး ပြောချလိုက်သော Gyuvin ၏ အသိအမှတ်ပြုခြင်းက Ricky အဖို့ စာ ကျက်ရကျိုးနပ်သွားစေသည်။ ကျောင်းထက် စိတ်အားတက်စေသော အရင်းအမြစ် ရှိနေမှတော့ ဘာကြောင့် ကျောင်းသွားစရာ လိုဦးမည်နည်း။
ကျောင်းသွားဖို့ တကျီကျီ လုပ်တတ်သော လူကြီးသူမများကို Ricky နားမလည်ပါပြီ။
ပြုံးစိစိ ဖြစ်သွားသော Ricky ၏ နှုတ်ခမ်းဖျားမှ R&B သီချင်းတစ်စက ညိမ့်ညိမ့်ညောင်းညောင်း။
"Ri~~~cky ပျော်နေတာလား"
Gyuvin က Ricky နား လာရပ်သည်။ ခေါင်းငဲ့ တိုးရှိုးပြီး Ricky မျက်နှာလေးကို ဝင်ဖူးသည်။ လိပ်ဥလည်း တူးရင်း။
Ricky ခါးကို လုပ်နေကျ တာဝန်လို အလွန်သဘာဝကျစွာ ဖက်လိုက်သည်။
"ဘာလို့ ငါက ပျော်ရမှာ"
Ricky သူ့လက်က ခါးလှည့် ရုန်းထွက်သည်။ လက်က ပေကျံလက်စမို့လို့ လှုပ်မရ။
Gyuvin ၏ ရေစက်လက် ဆံပင်က ခွေးပေါက်ကြီးများလို ချစ်စရာ ကောင်းနေအောင် ခေါင်းတခါခါနှင့် Ricky ကို လာစင်သည်။
"အွန့် မင်း မပျော်လည်း ဘယ်တတ်နိုင်ပါ့မလဲ"
Gyuvin က လက်ကို ဖယ်သွားသည်။ လူလည်း ခွါသွားသည်။ ဒီလိုဆိုပြန်တော့လည်း Ricky အတွက် ဟာတာတာ။
Ricky ခြေမပေါ် ကျကျန်ရစ်သည့် ရေစက်ရေပေါက်များကို ငူတူတူ ကြည့်နေမိသည်။
"ဟ ရေနွေးတွေ မဖြုန်းနဲ့လေ"
Gyuvin ဘေစင်က ရေပူခလုတ်ကို ပိတ်ပြီး Ricky ကို ပြန်မျက်နှာချင်းဆိုင်လိုက်ချိန် ရေစိုဆံပင်က လိုက်ကာလို ကွယ်နေသော သူ့မျက်နှာသေးသေး၊ ခါးပတ်ထားသည့် အဝတ်ပိုင်းအထက်က သူ့ရင်ဘတ်ဗလာ၊ အမူမဲ့အမှတ်မဲ့ ဆွဲဆောင်သည့် အမေပေးသော ရူးချင်စရာ သူ့ခန္ဓာကိုယ်ကို ငေးလာသည့် Ricky အကြည့်နှင့် လမ်းကြုံသည်။

ESTÁS LEYENDO
𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 𝙭 𝘽𝙤𝙮𝙛𝙧𝙞𝙚𝙣𝙙 |completed
Fanfic[Burmese] 𝗚𝗬𝗨𝗩𝗜𝗡 x 𝓡𝓲𝓬𝓴𝔂 Started writing at his birthday. This is my first completed work. It can be so RAW. So, I appreciate your understanding.