Part{22}
Taehyung~ ဗျာ!! မ..မဖြစ်နိုင်တာ.. ကျတော်.. ကျတော်က ယောင်္ကျားလေးပါ.ဘယ်လိုလုပ်ဗိုက်ကြီးနိုင်မှာလဲဆရာရယ်..သေ.သေချာလည်း စမ်းသပ်ကြည့်ပေးပါအုံး..
D.r~ ဒီလိုပြောပြီးစမ်းသပ်ခိုင်းနေတာ ဘယ်နှစ်ခါရိှနေပြီလဲ ကျတော်က ဆရာ၀န်ပါဗျာ သေချာပါတယ် ခင်ဗျားလေးကို ေသချာစမ်းသပ်ပေးထားတာပါ..
ယောင်္ကျားလေးတစ်ယောက်ဗိုက်ကြီးတာ ခုခေတ်မှာဆိုသူ့အတွက်အထူးအဆန်းမဟုပေမယ့် ဒီရှေ့ကကောင်လေးအတွက်ကတော့အထူးအဆန်းဖြစ်နေတာဖြစ်မယ်..ဆေးရုံမှာစမ်းသပ်ပြီးတ့ဲကာ ခနခန မဖြစ်နိုင်ဘူးဆိုပြီးစမ်းသပ်ခိုင်းနေတာ အခါနှစ်ဆယ်ပြည့်လုနီးပါးဖြစ်နေပြီ.. ခုမှကိုယ်၀န်ရိှခါစလူနာမို့လို့ ParkBoraသည်းခံနေတာ .. ရှေ့က အူတူတူလေးကြည့်တော့လည်း တကယ် သနားစရာလေးပါ.. ကိုယ်၀န်ရိှတယ်ပြောလိုက်တည်းက ကြောက်လန့်ပြီးပြိုတော့မယ်မိုးလို့ မျက်နှာလေးက သေးသေးလေးဘဲရိှတော့တယ်.. မဟုမှ သူကလေးရ့ဲ အဖေက တာ၀န်မယူပေးဘူး ဖြစ်မယ်.အဲဒါကြောင့် ဒီကောင်လေးစိုးရိမ်နေတာများလား..
ParkBora~ ဒီမှာ ဒီက လူနာ သိပ်စိတ်မပူပါန့ဲ. ကလေးက ခုမှ သန္ဓေတည်ရုံဘဲရိှသေးတာ..
Taehyung~ သ.သန္ဓေတည်ရုံ.. အဲ.အဲဒါဘာပြောတာလဲဟင်..
ParkBora~ လူနာက မကြာခင် ဖခင်ဖြစ်လာတော့မှာဆိုတော့ ကျတော်သေချာရှင်းပြပါ့မယ်.. ဒီလိုဗျာ ဒီပုံမှာတွေ့လား ဒါ လူနာရ့ဲ ဗိုက်ကို ဓာတ်မှန်ရိုက်ပေးပြီးထွက်လာတ့ဲပုံ.ဒီထဲက အ၀ိုင်းသေးသေးလေးတွေ့လား.
Bora လက်ညိုးထိုးပြတော့ အူတူတူကောင်လေးက ခေါင်းလေးငြိမ့်ပြပြီး..သေချာစိုက်ကြည့်နေတယ်..
Parkbora~ ဒါက လူနာ ကလေးလေ သူက ခုမှအလုံးလေးဘဲရိှသေးတာ.. သုံးလကြာရင် ဒီပုံထဲကအတိုင်းခြေတွေလက်တွေအကုန်ထွက်ပြီး သေးသေး လေးဖြစ်လာမှာ..
တစ်ဖက်က တစ်ခြားလူနာရ့ဲ ဓာတ်မှန်ရိုက်ထားတ့ဲပုံပြတော့.. ထယ်ယောင်းမှင်သက်စွာငေးမောကြည့်နေမိတယ်.. ဒါဆို သူ့ကလေးလေကလည်း သုံးလကြာရင် အဂင်္ါီစုံစုံလင်လင်န့ဲ အခုလို ချစ်စရာအကောင်သေးသေးလေး ဖြစ်လာမှာပေါ့. မသိစိတ်က နိုးဆော်မှုကြောင့် ထယ်ယောင်း နှုတ်ခမ်းလေးတွေကော့တတ်တ့ဲထိပြုံးမိသွားတယ်..
