Part{5}
ဂျောင်ကုက ညတိုင်း ကလပ်တတ် ဘားထိုင်န့ဲ မူးရူးနေမှပြန်လာတတ်တယ်.. တစ်ခါတစ်လေ လမ်းဘေးမှာ အပျော်ဖြစ်စေ ပိုက်ဆံန့ဲဖြစ်စေ ပြိုင်ကြတ့ဲ ဆိုင်ကယ်ပြိုင်ပွဲ ကားပြိုင်ပွဲတွေမှာလည်း မထင်ရင်မထင်သလို၀င်ပြိုင်တတ်ပြီး ဒဏ်ရာရမှ ပြန်ရောက်တတ်တယ် အိမ်ကို..
Taehyung~ ဖေဖေ သား ရုံးနောက်ကျနေလို့သွားတော့မယ်..
Mr.Leemin~ အင်း မနက်စာမစားတော့ဘူးလား.
Taehyung~ ဟုမစားတော့ဘူး..
ထယ်ယောင်း ဒီနေ့မနက် ဂျောင်ကု မထခင်တည်းက စောစော ထကာ .. ရုံးကိုစောစောသွားဖို့ပြင်ဆင်လိုက်တယ်.. ရုံးရောက်မှမနက်စာ စားမယ်လို့လည်း စိတ်ကူးထားလိုက်တယ်..
Taehyung~ ဟာ..ငါ့.ငါ့ကားက ဘယ်လိုဖြစ်တာလဲ
ကားတွေထားတ့ဲနေရာရောက်တော့.. ကျန်တ့ဲကားတွေက အကောင်းအတိုင်းရိှနေပြီ သူ့ကားတစ်စီးသာ တာယာလေးဘီးလုံးပေါက်နေတာတွေ့လိုက်ရတယ်..
Taehyung~ မနေ့ကမှ တာယာတွေကအကောင်းပါ.. ရုတ်တရက်ကြီး...
ဘယ်သူ့လက်ချက်လဲဆိုတာတွေးနေတုန်း...ပြိုင်ကား အနီလေး တစ်စီးကသူ့ရှေ့ရောက်လာတယ်..
Jk~ ရုံးနောက်ကျနေပြီမလား.တတ်!
ကားထဲမှာထိုင်နေတ့ဲသူက မျက်မှန်အမဲကို၀တ်ကာ ဆံပင်ကို ဒီတိုင်းချထားပြီး သူကြွက်သားတွေပေါ်အောင် ကော်ဖီရောင်တီရှပ်တစ်ထည်န့ဲ စတိုင်ပန့်ဘောင်းဘီအသားရောင်ကိုတွဲ၀တ်ထားတယ်. ကြယ်သီးကလည်းနှစ်လုံးလောက်ဖြူတ်ထားတော့ သူရ့ဲ Six pack တွေ ရင်အုပ်ကျယ်ကျယ်တွေန့ဲ တတ်တူးတို့းထားတ့ဲ လက်တစ်ဖက် က အထင်းသားပေါ်ပြီး မိမိုက်နေတယ်.
Taehyung~ လက်စသတ်တော့ မင်းလက်ချက်ကိုး..! မင်းဒါကတော့လွန်လွန်တယ်မထင်ဘူးလား..!!
Jk~ ဟူိး..ဟိုး! ခင်ဗျား လူကိုစွပ်စွပ်စွဲစွဲတွေလာမပြောန့ဲ ခင်ဗျားကားအစုတ်လေးကို ကျတော်လက်န့ဲထိတောင်မထိဘူး.
မျက်မှန်ကိုအောက်နည်းနည်းစိုက်ချပြီး လက်တစ်ကားကားန့ဲ သူ့မဟုတ်ကြောင်းရှင်းပြနေ တ့ဲ ဂျောင်ကုက တကယ်..
