Part~25~ သတို့သားန့ဲသတို့သမီးကချစ်စရာလေးတွေဟယ် စေ့စပ်ပွဲတုန်းကလည်း အရမ်းလိုက်တာ အခု မင်္ဂလာ၀တ်စုံလေးန့ဲ လည်း ကြည့်ကောင်းလိုက်ကြတာ မင်းသား မင်းသမီးတွေလားတောင်မှတ်ရတယ်.
ခန်းမထဲမှာ အမျူိးမျူိးသော ချီးကျူးသံတွေကြားပေမယ့်လည်း ဂျောင်ကု အာရုံမရပါ လက်ခုပ်သံတွေကြားမှ သူ သတို့သမီးကို လက်စွပ်၀တ်ပေးရတော့မယ်မှန်းသတိထားမိတယ်. ဘေးက လက်စွပ်ဗန်းကိုင်ထားတ့ မိန်းကလေးရိှက လက်စွပ်ကိုယူကာ ဆာကူရာရ့ဲ လက်သူကြွယ်မှာ စွပ်ပေးဖို့ လက်ကိုကိုင်လိုက်ပြီး တုန်ရီနေသော လက်န့ဲ လက်စွပ်ကို ဖြည်းဖြည်းချင်း၀တ်ပေးနေမိတယ်. သူ၀တ်ပေးလို့မပြီးခင်မှာဘဲ ခန်းမထဲ ရုတ်တရက် အမှောင်ကျသွားတယ်.
~ အမလေး. မီးက ဘယ်လိုလုပ် ပိတ်သွားတာလဲ သရဲများခြောက်တာလား.
~ အော် ဒီခန်းမထဲဘယ်က သရဲက ရိှမှာလဲ နင်ကတစ်မျူိး.
တစ်ယောင်တစ်ပေါက် ပြောဆိုဆူညံနေကြချိန် ဂျောင်ကု လည်းနေရာမှာတင်ကြောင်တောင်ရပ်နေမိတယ်. မှောင်နေတော့ ဘယ်နေရာကို သွားရမှန်းသူမသိဘူး. အမေကတော့ လုံခြုံရေးတွေခေါ်ကာ ဓာတ်မီးတစ်လက်န့ဲ အပြင်ထွက်သွားတာတော့တွေ့လိုက်တယ်. ထူးဆန်းစွာန့ဲ သူ့လက်ကို အေးစက်ပြီးနူးညံတ့ဲလက်လေးတစ်စုံက လာအုပ်ကိုင်လိုက်တယ်. သူကြောင်ပြီးစဉ္းစားနေတုန်း. ထိုလက်ပိုင်ရှင်လေးခေါ်ဆောင်ရာနောက် ငေးမိုင်ပြီး ပါသွားမိတာ သူကူိယ်သူတောင်သတိမထားမိ..
ထယ်ယောင်း ဆာကူရာ ကို ကလ့ဲစားချေချင်တာကြောင့် ဂျောင်ကု ကို သူမရိှက ပြန်လုပြီး ထွက်ပြေးမယ်လို့ တွေးလိုက်မိတယ် သူချစ်တ့ဲဖေဖေန့ဲမေမေကို ဆုံးရုှံးခ့ဲရပြီးပြီ သူမသာ အဖေန့ဲ အမေကိုအသက်အန္တရာယ်မပြုဘဲ ဂျောင်ကုကူိ လက်ထပ်မယ်ဆို သူကျေနပ်စွာန့ဲ နောက်ဆုတ်ပေးလိုက်မှာပါ ဒါပေမ့ဲ အခုသူ့မှာဘယ်သူမှမရိှတော့ဘူး အဲတော့ ဂျောင်ကုကူိ အလွယ်တကူ ဆာကူရာဆိုတ့ဲမိန်းကလေးနောက် ထည့်မပေးချင်တော့တာ သူမမှားဘူးမလား.. ဒါကို ရူးမိုက်တ့ဲဘဲပြောပြော ထယ်ယောင်းလက်ခံလိုက်မှာပါ နောက်ဆက်တွဲဆိုးကျူိးတွေကို မကြည့်ဘဲန့ဲလေ..
