ရွှီ!! ရွှီ!!!
လေတချွန်ချွန်ဖြင့်အိမ်ပေါ်ထပ်ကနေကားသော့ကိုလက်တွင်ဝှေ့ရမ်းကာဆင်းလာသူကိုဦးရဲထွဋ်တစ်ယောက်အမြင်ကတ်စွာကြည့်မိသည်။မျက်စိထဲထောင့်ကိုမကျိုးဘူး... ညကတည်းကအမြုပ်ထွက်အောင်ပြောထားတာကိုမိုးလင်းတော့ဒင်းကအပြင်သွားဖို့တောင်ပြင်နေပြီ။ဒီကောင်ဘယ်သူနဲ့တူလို့ပြန်မပြောနားမထောင်ဖြစ်နေရတာလဲ။ဦးရဲထွဋ်ထိုထောင့်မကျိုးေကာင်ကိုအသံမာမာဖြင့်လှမ်းခေါ်လိုက်သည်။
"ဝဠာထွဋ်ခေါင်!!.. ဒီကိုလာအုံး!.."
ဝဠာသည်ဆူပုတ်ပုတ်မျက်နှာဖြင့်ေလးတိေလးကန်ဒယ်ဒီရှိရာသို့လျှောက်လာလိုက်သည်။ဘာတွေထပ်ပွားအုံးမလည်းမသိ... ကိစ္စတော့မရှိပါဘူးဝဠာထွဋ်ခေါင်တို့ကထိုစကားတွေ ဘယ်ဘက်နားကဝင်ပီးရင်ညာဘက်နားကAutoထွက်ပြီးသား!..
"ပြော..ဒယ်ဒီ"
"မင်းဆယ်တန်းပြန်ဖြေရမယ်....မနက်ဖြန်ကျရင်မင်းကိုစာသင်မဲ့ဆရာမလာလိမ့်မယ်။ငါ့မိတ်ဆွေအရင်းကြီးကရှာပေးထားတာမလို့မျက်နှာပျက်ရအောင်တော့မလုပ်နဲ့နော်!! အရင်ဆရာတွေလိုလဲပေါက်တက်ကရတွေမပြောနိုင်အောင်ဒီတစ်ခါတော့ဆရာမရှာထားတာ။ ဒါတောင်အဲ့ဆရာမကို စာဆက်မသင်နိုင်အောင်ပညာတွေပေးရင်တော့မနေ့ညကပြောတဲ့အတိုင်းရာသက်ပန်ဘုန်းကြီးဝတ်ရမယ်!ဒါပဲ!!..."
"ဒယ်ဒီ!!!!!"
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
DJတီးလုံးသံတွေနှင့်ဆူညံနေပြီးေပျာ်ရွှင်မြူးထူးစွာကခုန်နေတဲ့လူတွေနဲ့ဆန့်ကျင်စွာ ဂျောင်ကျကျဝိုင်းတစ်ဝိုင်းတွင်စိတ်ပျက်လက်ပျက်နှင့်ထိုင်နေသူတစ်ယောက်ရှိသည်။ဝဿန် မိမိရှေ့တွင်လဒမှိုင်.. မှိုင်နေသောသူငယ်ချင်းဖစ်သူကိုကြည့်ကာမြင်ပြင်းကတ်လာသည်။ရောက်ကတည်းကဘာမှလည်းပြောဘဲထိုင်နေတာတစ်နာရီနီးပါးရှိတော့မယ်။အချိန်တော်တော်ကြာဘာစကားမှမပြောတဲ့လဒကောင်ကြောင့်ဝဿန်မကောင်းတက်စွာမေးခွန်းထုတ်ရတော့သည်။
"ဝဠာ ..မင်းဘာဖြစ်လာတာလဲ..ဘာလဲမင်းကြီးတော်ကြီးလင်နောက်လိုက်သွားလို့လား!"
YOU ARE READING
မောင့်ရဲ့ပျိုး [Complete ]
Romanceဝဠာထွဋ်ခေါင် × လင်္ကာပျိုး Title - မောင့်ရဲ့ပျိုး Type - BL , Romance , M-Preg Writer - Mable Start Date>>>> 18.9.2023 End Date>>>> 4.7.2024