မောင့်ရဲ့ပျိုး(20)

1.2K 38 0
                                    

"မောင့်....ထတော့လေဒီနေ့ကုမ္ပဏီစသွားရမှာမဟုတ်လား"

"အင်း...အချစ်ကလည်းဘယ်အချိန်ရှိသေးလို့လဲ"

"၈နာရီရှိနေပီ"

ထိုစကားကဝဠာခေါင်းပေါ်သို့နွေလယ်ခေါင်မှာမိုးကြိုးပစ်ခံလိုက်ရသည့်နှယ်...

"ရှစ်!...ရှစ်နာရီဟုတ်လား!...အချစ်ကကွာမောင့်ကိုဘာလို့အစောမနှိုးရတာလဲ"

"ဟော...ပျိုးနှိုးနေတဲ့အချိန်မောင်ကထလို့လား...၅မိနစ်၁၀မိနစ်ဆိုပြီးပြန်အိပ်ပျော်သွားပြီးတော့"

"ဟုတ်ပီ..ဟုတ်ပီမောင်မနိုးတာ..မောင့်ကိုအင်္ကျီတွေပြင်ထားပေးအုံးနော်မောင်ရေအရင်ချိုးနှင့်မယ်....."

ဒုန်း!...

အ!...

ပြာတိပြာယာအိပ်ယာပေါ်ကပြေးဆင်းသောဝဠာတယောက်ခြေချော်ကျလေသည်။

"မောင်ရယ် ဘာလို့အဲ့လောက်ရှပ်ပြာနိုင်နေရတာလဲ"

"ရတယ်ရတယ်တယ်မောင်ဘာမှမဖစ်ဘူး..."

အလျင်စလိုနှင့်ပင်ဝဠာရေချိုးခန်းထဲပြေးဝင်မိသည်။ဝဠာဒယ်ဒီ့ရဲ့ဓာတ်ပြားဟောင်းကြီးကိုနားမခံနိုင်ပါအဲ့တာကြောင့်ဒီနေ့အလုပ်ကိုစောရောက်နေမှဖစ်မည်။

"အချစ်..မောင်သွားတော့မယ်"

ရွှတ်!..ရွှတ်!..

ပါးနှစ်ဖက်စလုံးကိုအလျင်အမြန်နမ်းပီးကားပေါ်သိုတက်သွားသောမောင့်ကိုကြည့်ရင်းပျိုးသာသာလေးခေါင်းရမ်းမိသည်။

ကားပါကင်တွင်ကားရပ်ပီးတာနှင့် အဆင်သင့်ပွင့်လာသောဓာတ်လှေကားထံဝဠာပြေးတက်ရသည်။ ဟူး...ကျောင်းတုန်းကမိမိုက်နေတဲ့ခပ်ဂျစ်ဂျစ်ဝဠာထွဋ်ခေါင်နဲ့အခုများတော့ဘာမှမဆိုင်ပေ။အထပ်ပေါင်းများစွာပြေးလွှားဖြတ်သန်းပီးတဲ့နောက်မှဒယ်ဒီရှိရာအခန်းရှေ့အရောက်ကိုယ်ရှိန်သတ်လိုက်ရသည်။

"ကျွန်တော်ရောက်ပါပီဥက္ကဌကြီး"

"မင်းအချိန်ကိုမလေးမစားလုပ်တဲ့အတွက်ဒီလ လစာဖြတ်မယ်"

"ဟာ!..ဒယ်ဒီ့!!..တရက်တလေပဲကို"

"မသိဘူးငါ့ကိုအထွဋ်မတက်နဲ့နောက်လ‌ေတွပါဆက်သွားမယ်နော်"

မောင့်ရဲ့ပျိုး [Complete ]Where stories live. Discover now