"ပျိုး.."
"ဟင်"
"ပျိုး"
"ဟင်လို့"
"မောင့်ရဲ့ပျိုး"
"မောင့် ဘာဖြစ်နေတာလဲကွာထူးတော့လဲဘာမှပြန်မပြောဘဲနဲ့"
"မောင်အိပ်ချင်နေပြီလို့"
အဝတ်ခေါက်နေတဲ့ပျိုးရဲ့လည်တိုင်တွေကိုနှုတ်ခမ်းတို့နှင်ပွတ်ဆွဲကာခပ်ညုညုလေးပြောလာသည်။
"မောင်အိပ်ချင်အိပ်နှင့်လေ ငါဒီအဝတ်လေးတွေခေါက်ပြီးရင်လာခဲ့မယ်"
"ပျိုးကလည်းကွာအဲ့ဒါတေမနက်မှလုပ်လည်းရတာပဲကို မောင်က မောင့်ယောက်ကျားမရှိဘဲမအိပ်တက်ဘူးလေ"
"မောင်အရင်ကလည်းတစ်ယောက်ထဲနေနေကျပဲဟာကို"
အ!..
ပျိုးရဲ့လည်းတိုင်တွေကိုနမ်းနေရင်းကနေခပ်ဆက်ဆက်လေးကိုက်ချလာတဲ့ဝဠာ့ကြောင့်ပျိုးအာမေဋိတ်သံထွက်သွားရသည်။
"မောင့်!.."
"တစ်ယောက်ထဲမနေချင်လို့ယောက်ကျားယူထားတာလေ။အဲ့တာတွေထားခဲ့တော့ကွာ"
"အမေ့!.."
ကြမ်းပြင်မှာထိုင်ကာအဝတ်ခေါက်ပီးဝဠာပြောတာကိုအရေးမစိုက်သူလေးအားဒူးအောက်မှပွေ့ချီကာအိပ်ယာပေါ်သို့တင်လိုက်သည်။ထို့နောက်အပေါ်မှအုပ်မိုးကာပျိုး၏နှုတ်ခမ်းပါးတို့အားရန်ရှာလာသည်။
ပြွတ်စ်!
"အွန်း..မောင်!..ပြွတ်စ်!..ခနလို့"
အသည်းအသန်နမ်းနေတဲ့ဝဠာ့ရဲ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်ထိန်းကာရပ်တန့်စေလိုက်သည်။
"ပျိုးကလည်းကွာ!.."
"မောင်ပဲအိပ်ချင်နေပြီဆို အိပ်ကြမယ်ေလနော်"
"အဟွန်း..ဘယ်လိုလုပ်မလဲအခုတော့မောင်မျက်စိကျယ်သွားပြီ အိပ်မပျော်မဲ့အတူတူတော့ အချိန်ကိုအကျိုးရှိစွာအသုံးချကြရအောင်.."
"မောင် မနေ့ကမှ.."
ပြွတ်စ်!
"မနေ့ကလုပ်ရင်ဒီနေ့ထပ်မလုပ်ရဘူးလို့ဘယ်သူအမိန့်ထုတ်ထားလို့လဲ။မနက်ဖြန်ဆိုမောင်ကုမ္ပဏီသွားရတော့မှာကိုမောင့်ကိုအားဆေးလေးမပေးချင်ဘူးလားဟင်။ မောင့်အချစ်နဲ့ ၇နာရီလောက်ကြီးများတောင်ခွဲရတော့မှာကို"
YOU ARE READING
မောင့်ရဲ့ပျိုး [Complete ]
Romanceဝဠာထွဋ်ခေါင် × လင်္ကာပျိုး Title - မောင့်ရဲ့ပျိုး Type - BL , Romance , M-Preg Writer - Mable Start Date>>>> 18.9.2023 End Date>>>> 4.7.2024