မောင့်ရဲ့ပျိုး(22)

1.1K 42 0
                                    

"မောင်...ပြန်လာပီလားအ‌ေခြအ‌ေနဘယ်လိုရှိလဲ"

"အချစ်ကကွာ..သူများကြားထဲမှာဘာလို့မြှားနတ်မောင်လုပ်ချင်နေရတာလဲအချစ်ရယ်..အဲ့ကောင်ကိုမောင်ပြောရတာမောင်အသက်သာထွက်မယ်ပြောလို့မနိုင်ဘူး...မူနေတာလေအဲ့ကောင်လူကြည့်တော့သာဇိုးလိုလိုနဲ့ကိုစေပြန်ချော့မှာကိုစောင့်နေတာ"

"ဟင်း...မောင်ကသေချာနားဝင်အောင်မပြောပြလို့ပေါ့..နောက်ရက်မှငါဝဿန်နဲ့ပြောကြည့်အုံးမယ်"

"အချစ်ကကွာ..ဘာလို့သူများကိစ္စကိုပဲအားတက်သရောလုပ်ပေးနေတာလဲ...အဲ့လောက်တောင်အချိန်တေပေါနေရင်မောင်တို့အကျိုးရှိတာလေးကိုအသုံးချရအောင်"

"ဘာကို....အွန့်...မောင့်!..."

ပျိုးရဲ့အမေးကိုမစောင့်ပဲဝဠာကပျိုးနှုတ်ခမ်းပါးတို့ကိုအလျင်စလိုနမ်းနေသည်။

"မောင့်..ဖြေးဖြေးနမ်းပါ!...ငါကထွက်ပြေးမှာကျလို့..."

"မရတော့ဘူးမောင်တော်တော်ဖြစ်နေပြီမလို့"

"မောင့်!..."

ထပ်ပြောလာမည့်နှုတ်ခမ်းပါးတို့ထံစကားများမပြောနိုင်တော့အောင်ဝဠာချိတ်ပိတ်လိုက်သည်။လက်တွေသည်လည်းပျိုးရဲ့အင်္ကျီအောက်သို့တိုးဝင်ကာအစုန်အဆန်ပွတ်သပ်နေလေသည်။ထို့နောက်တွင်တော့နားရှက်ဖွယ်အသံများနှင့်အတူသူတို့နှစ်ဦး၏အပြာရောင်အချစ်ညလေးကိုပုံဖော်ခဲ့ကြသည်။

Shopping centerတစ်ခုရဲ့ဒုတိယထပ်ကcoffeeဆိုင်လေးတွင်ဖြစ်သည်။

"Sorryနော်အကို..ကျွန်တော်နဲနဲနောက်ကျသွားတယ်"

"ရတယ်ဝဿန်...ဟို...စေရာနဲ့ဝဿန်အဆင်ပြေကြပြီလား"

ပျိုးကမေးလိုက်တော့ဝဿန်ကခေါင်းရမ်းပြသည်။

"အကိုသူ့ကိုပါခေါ်ထားတယ်ဝဿန်"

"ဟင်"

ပြောလို့မှမဆုံးသေးပေစေရာကcoffeeဆိုင်အတွင်းသို့ခပ်သွက်သွက်ဝင်လာလေသည်။ထိုအခါဝဿန်ကထိုင်ရာမှထလိုက်သည်။

"ကျွန်တော်ပြန်တော့မယ်အကို"

"ဝဿန်"

စေရာကလက်တဖက်ကိုလှမ်းဆွဲထားတော့ဝဿန်ကခါထုတ်ကာဆိုင်အပြင်သို့ထွက်သွားသည်။ထိုစဉ်ထိစေရာ့မှာကြောင်တောင်တောင်နှင့်ရပ်နေဆဲ။

မောင့်ရဲ့ပျိုး [Complete ]Where stories live. Discover now