ပျိုးကိုရှေ့ကနေစိုက်ပြီးကြည့်ကာရိသဲ့သဲ့ပြောနေတဲ့ကောင်ဆိုးလေးကြောင့်စာမြန်မြန်သင်လိုက်ပီးစာသင်လက်စကိုဖြတ်ကာအောက်ကိုပြေးဆင်းလာလိုက်သည်။နဂိုထဲကသူ့ကိုဆိုလန့်ပြီးရင်တုန်ေနပါတယ်ဆိုမှရုပ်တည်ကြီးနဲ့ရိသဲ့သဲ့ပြောလိုက်။လူကိုမထင်ရင်မထင်သလိုအော်လိုက်ဟစ်လိုက်နဲ့ကိုယ်ကဆရာလားသူကဆရာလားတောင်မသဲကွဲဘူး။
"သမီးပျိုး...ပြန်တော့မလို့လား.."
"ဟုတ်!..ဟုတ်..အန်ကယ်ဒီနေ့ကအစပဲရှိသေးတာဆိုတော့သင်စရာသိပ်မရှိသေးလို့.."
"အော်.. အေး.. အန်ကယ်သားကိုလိုက်ပို့ခိုင်းလိုက်မယ်လေ"
"မဟုတ်တာ !!!"
"ဟင်! ဘာဖြစ်လို့လဲသမီး"
ပျိုးရဲ့အလျင်စလိုငြင်းလိုက်တဲ့စကားကြောင့်ဦးရဲထွဋ်ခေါင်ကြောင်ကြောင်လေးဖြစ်သွားပြီးအမေးဆိုလာသည်။
"ဟို... ရပါတယ်အန်ကယ်ပျိုးသူ့ကိုစာလေးနဲနဲကြည့်ခိုင်းခဲ့တာအဲ့တာကြောင့်ပျိုးဘာသာပြန်လိုက်ပါမယ်ခွင့်ပြုပါအုံးနော်..."
"အော်... အေးအေး"
ဦးရဲထွဋ်ခေါင်အလျင်စလိုထွက်သွားတဲ့ဆရာမကိုကြည့်ပြီးဘာဖြစ်သွားတာပါလိမ့်လို့တွေးနေမိသည်။ဝဠာများတခုခုေပြာလိုက်ပြန်ပြီလား။ထိုဆရာမသာနောက်နေ့စာလာသင်မပေးနိုင်တော့ဘူးဆိုရင်တော့လားဒင်းကိုအိမ်ပေါ်ကကန်ချပစ်မယ်......
ပျိုးခြံပြင်ရောက်မှအသက်ဝဝရှူရတော့တယ်။စာသင်ပေးနေတဲ့တလျှောက်လဲကိုယ်ကတော့သင်ပေးနေပါရဲ့ ထိုမျက်နှာကြောတင်းလေးကတော့မေးသမျှလဲပြန်မပြော၊ကိုယ်ကနဲနဲလေသံမာပြီးမေးလိုက်ရင်မျက်နှာတည်ကြီးနှင့်ပြန်ကြည့်လာတာကြောင့်အသက်တောင်မရှူရဲ။ ဒါတောင်သူ့အဖေကအိမ်ပြန်လိုက်ပို့ခိုင်းအုံးမလို့တဲ့။ ပျိုးထိုမျက်နှာေကြာတင်းေကာင်ေလးကိုတေးမှတ်ထားလိုက်သည်။ သူဒီအလုပ်ကိုမလုပ်တဲ့အချိန်ကျရင်work outလုပ်ပြီးထိုကောင်လေးထက်လူကောင်ကြီးလာမှပြန်လက်စားချေပြမယ်ဟူ၍ပင်။
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
"မေမေရေ...!သားပြန်ရောက်ပြီ.."
YOU ARE READING
မောင့်ရဲ့ပျိုး [Complete ]
Romanceဝဠာထွဋ်ခေါင် × လင်္ကာပျိုး Title - မောင့်ရဲ့ပျိုး Type - BL , Romance , M-Preg Writer - Mable Start Date>>>> 18.9.2023 End Date>>>> 4.7.2024