မောင့်ရဲ့ပျိုး(21)

1.1K 41 0
                                    

ထိုးကိုက်ကာနောက်ကျိနေသောခေါင်းနဲ့မကြည့်မလင်နံနက်ခင်းကိုဝဠာအစပြုရသည်။အိပ်ယာဘေးကိုစမ်းကြည့်တော့ပျိုးကရှိမနေပေ။ထို့ကြောင့်ကိုက်ခဲနေတဲ့ခေါင်းကိုအသာဖိနှိပ်ကာရေချိုးခန်းထဲသို့ဝင်လိုက်သည်။မနေ့ညကဘယ်လောက်တောင်သောက်ခဲ့လဲမသိဝဠာညကကိစ္စတွေဘာတခုမှမမှတ်မိပေ။အားလုံးပြင်ဆင်ပြီးကာမှဝဠာအောက်ထပ်သို့ဆင်းလာခဲ့သည်။ထမင်းစားခန်းထဲတွင်ရယ်မောကာပြောဆိုနေကြသောဒယ်ဒီတို့နှင့်ပျိုးသည်ဝဠာဝင်လာသည်နှင်မျက်နှာခပ်တည်တည်တွေပင်ဖြစ်ကုန်သည်။ဘာလဲ?...ငါဘာလုပ်မိထားလို့လဲ?...စသည့် question markပေါင်းများစွာအတွေးထဲချာချာလည်နေသည်။စားပြီးတော့လည်းပျိုးကအိမ်ရှေ့ထိတော့လိုက်ပို့ပါရဲ့ဒါပေမဲ့ဘာစကားမှမပြောပေ။

"အချစ်..မောင်သွားတော့မယ်နော် စိတ်ကောက်နေရင်ပြန်လာမှ‌ေပါင်းပီးချော့ပေးမယ်နော်"

မွ!!...

ပါးတဖက်အားအနမ်းပေးတော့လည်းကျောက်ရုပ်ကြီးအတိုင်းမျက်နှာသေနှင့်စိုက်ကြည့်နေဝာကြောင့်ဝဠာကြက်သီးများထသွားရသည်။ဒီအတိုင်းဆိုရင်တော့ဝဠာထွဋ်ခေါင်တို့အမှားအကြီးကြီးလုပ်ထားမိသည်မှာသေချာနေပြီဖြစ်သည်။

ချစ်ရသူကမျက်နှာမကောင်းတော့ရုံးမှာလည်းရတက်အေးအေးနဲ့အလုပ်မလုပ်နိုင်ပေ။

ဟူး.....

ဝဠာသက်ပြင်းရှည်တချက်ချရင်းပြီးစီးသွားသောစာရင်းတွေအားလက်မှတ်ထိုးရန်ဥက္ကဌကြီးဆီသို့‌ေခြလှမ်းပြင်လိုက်သည်။ပုံမှန်ဆိုရင်အတွင်းရေးမှူးကနေတဆင့်ပေးလိုက်မှာပေမဲ့အခုတော့သိချင်တာလေးရှိနေတော့ကိုယ်တိုင်သွားမှဖြစ်မည်။

ဒေါက်!..ဒေါက်!!...

"ဝင်ခဲ့"

"ဟို...လက်မှတ်ထိုးဖို့ပါဥက္ကဌကြီး"

"အမယ်ထူးထူးဆန်းဆန်းငါ့ဆီကိုယ်တိုင်လာလို့ပါလား"

"ဟို...ညောင်းလို့လေ..လမ်းလျှောက်ရင်းလမ်းကြုံလို့ဝင်ပေးတာ"

ဝဠာရဲ့ဆင်ခြေကိုကြားပြီးဥက္ကဌကြီးမှာခေါင်းတငြိမ့်ငြိမ့်နှင့်ရယ်... Fileတွေပေးပီးတာတောင်မသွားသေးတဲ့ဝဠာ့ကြောင့်.....

မောင့်ရဲ့ပျိုး [Complete ]Where stories live. Discover now