"ကျွန်တော်ပျိုးကိုချစ်တယ်.."
ဖူး!!..အဟွတ်..!! အဟွတ်!!!!...
ရေကပါးစပ်ထဲဝင်ရုံရှိသေး၊ပျိုးရဲ့မျက်လုံးကိုတည့်တည့်ကြီးစိုက်ကြည့်ကာပြောလိုက်သောစကားကြောင့်ဖူးခနဲရေတွေပြန်ထွက်လာရသည်။
ဒီလူဆိုးကောင်ပျိုးအပေါ်မှာစိတ်ရှိနေတာကိုရိပ်မိနေပေမဲ့ဒီလောက်မြန်မြန်ကြီးဖွင့်ပြောလာခဲ့မယ်လို့မထင်ထားတာအမှန်ပင်။ပြီးတော့သူမိန်းကလေးအစစ်ဟုထင်ထားတဲ့ပျိုးဟာယောက်ကျားလေးတစ်ယောက်ဖြစ်နေတာကိုသိသွားခဲ့ရင်......
အမှန်တိုင်းဝန်ခံရရင်ပျိုးလည်းထိုလူဆိုးကောင်ကိုသဘောကျနေခဲ့တာဖြစ်သည်။ပျိုးရဲ့စိတ်ကိုသိလိုက်ရတဲ့အချိန်တုန်းကဆိုရင်မဖြစ်နိုင်ဘူးပျိုးဟာယောက်ကျားလေးတစ်ယောက်ဖြစ်ရက်နဲ့မျိုးတူယောက်ကျားသားအပေါ်စိတ်ရှိနေတာဟာမဖြစ်သင့်ဘူးဟုကိုယ့်စိတ်ကိုအကြိမ်ကြိမ်ထိန်းချုပ်ထားခဲ့သည်။အခုလည်းဆက်ထိန်းထားရမည်။သူဝန်ခံလိုက်ချင်ပေမဲ့လည်းဝဠာကလက်မခံနိုင်ဘဲအလုပ်ပါထွက်လိုက်ရရင်မေမေ့အတွက်....မေမေ့အတွက်ပဲဖြစ်ဖြစ်ငါ့ခံစားချက်တွေကိုဆက်ပြီးထိန်းချုပ်ထားပါရစေ။ပျိုးမျက်နှာကိုချက်ချင်းတည်လိုက်ပြီး...."ဒါဘာစကားလည်းဝဠာထွဋ်ခေါင်!!!!..ငါ့ကိုမလေးစားရင်နေပါငါ့ရဲ့ဆရာဂုဏ်ကိုထောက်ရင်မင်းဒီလိုတွေမပြောသင့်ဘူး!...ငါတစ်ခါထဲပြောမယ်မင်းနဲ့ငါဘယ်လိုမှမဖြစ်နိုင်ဘူး!!"
"ဘာလို့လဲခင်ဗျားကယောက်ကျားလေးတစ်ယောက်ဖြစ်နေတာကြောင့်လား!!"
ပျိုးမျက်နှာကွက်ခနဲပျက်သွားသည်။သို့ေသာ်အလျင်အမြန်ပြန်ထိန်းကာ....
"ဝဠာထွဋ်ခေါင်!!..မင်းဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေဆက်ပြောနေမယ်ဆိုရင်ငါပြန်တော့မယ်!.."
"ကျွန်တော်အားလုံးသိတယ်!!!!!!..."
ပျိုး..ပြန်ရန်ခုံမှထလိုက်စဉ်ဝဠာပြောလိုက်တဲ့စကားကြောင့်ခြေလှမ်းတို့ရပ်တန့်သွားခဲ့သည်။
"ခင်ဗျားကယောက်ကျားလေးဆိုတာ... ပြီးတော့အန်တီ့ကျန်းမာရေးကြောင့်ဒီလိုလုပ်နေရတာရောခင်ဗျားကိုမိန်းကလေးယောက်ကျားလေးဆိုတာထက်ခင်ဗျားမလို့....ခင်ဗျားဖြစ်နေလို့ကိုချစ်တာအဲ့တာကြောင့်....."
YOU ARE READING
မောင့်ရဲ့ပျိုး [Complete ]
Romanceဝဠာထွဋ်ခေါင် × လင်္ကာပျိုး Title - မောင့်ရဲ့ပျိုး Type - BL , Romance , M-Preg Writer - Mable Start Date>>>> 18.9.2023 End Date>>>> 4.7.2024