မောင့်ရဲ့ပျိုး(23)

1.2K 40 0
                                    

ဝေါ့!...

"ဟင်...သားပျိုးနေမကောင်းဘူးလား"

"ပျိုး...ဘာဖြစ်တာလဲမောင့်ကိုပြော"

သားအမိနှစ်ယောက်ကဝိုင်းမေနေပြီးဦးရဲထွဋ်ကပါအဖြေကိုသိချင်နေဟန်ဖြင့်ပျိုးအားကြည့်နေတော့ပျိုးမှာချောင်းတချက်ဟန့်ရင်း....

"အဟမ်း....ဟိုဘာမှမဖြစ်ပါဘူးအမေ..ပျိုးမနက်ကလက်ဖက်သုပ်စားတာအစားများသွားလို့နေမယ်...ရင်ပြည့်ချင်တာဖြစ်မှာ"

"ဟုတ်ပါ့မလားကွာ...‌ေမာင့်ကြည့်‌ေနတာကြာပီဒီရက်ထဲခနခနအန်‌ေနတာမောင်နဲ့အတူတူဆေးခန်းသွားပြရအောင်.."

"ရပါတယ်မောင်ရာ...ဒီအတိုင်းရင်ပြည့်တာပါ...ဆေးခန်းပြဖို့ထိမလိုဘူး"

"သေချာတယ်နော်"

"အင်းသေချာတယ်...အဖေနဲ့အမေကျွန်‌ေတာ်အရင်ထနှင့်မယ်နော်"

"အေးအေး..သား"

ပျိုးထမင်းဝိုင်းမှာအရင်ထကာအခန်းဆီသို့ပြန်လိုက်သည်။

"မာမီ့...မာမီ့သမက်တခုခုဖြစ်နေတယ်မထင်ဘူးလား"

"ဟင်...သားပျိုးလေးကဘာဖြစ်နေလို့လဲသားရဲ့"

"မသိပါဘူးဗျာ...ကျွန့်တော့်စိတ်ထဲတမျိုးကြီးဒီရက်ထဲတော်တော်ထူးဆန်းနေတာသေချာတယ်"

ထိုအခါဦးရဲထွဋ်က...

"မင်းစိတ်ထဲထင်တာနေမှာပါကွာ...ကဲစားစရာရှိတာသာစား"

ဝဠာစိတ်ထဲတနုံ့နုံ့နှင့်သာညစာစားခဲ့ရသည်။ဒီရက်ထဲပျိုးကပြောင်းလဲနေသည်မှာသေချာသည်။ဝဠာအားအနားလည်းအကပ်မခံသလိုအတူနေဖို့ပြောရင်လည်းအမြဲငြင်းတက်သည်။ဝဠာ့အပေါ်လည်းအေးစက်လာသလိုခံစားရသည်။ဟာ....ငါဘာတွေလျှောက်တွေးနေတာလဲ..ကျစ်!..

ပြတင်းပေါက်တို့ဖွင့်ထားတာကြောင့်ညရဲ့လေပြေတချို့ကပြတင်းပေါက်ထက်မှတိုးဝင်လာသည်။အေးစက်စက်လေထုအတိုင်းဝဠာတို့နှစ်ဦးကြားမှာလဲတိတ်ဆိတ်လျှက်။

"အချစ်...တခုခုဖြစ်နေတာလား"

တဖက်သို့စောင်းကာအိပ်နေတဲ့ပျိုးအားနောက်မှသိုင်းဖက်ကာပုခုံးထက်၌မေးတင်ကာဝဠာမေးလိုက်သည်။

မောင့်ရဲ့ပျိုး [Complete ]Where stories live. Discover now