Chapter -2

1K 66 2
                                    

Unicode

ရိပေါ် လယ်ထဲမှာပျိုးစေ့ကြဲနေတုန်း ကျန့်အာရဲ့ အသံချိုချိုလေးကိုကြားလိုက်တာကြောင့် ရင်ထဲမှာ ဖလက်ဖလက်ကိုဖြစ်သွားတာပဲ

သေချာတယ် ကျန့်အာက သူ့ကို လွမ်းနေတာပဲဖြစ်ရမယ်

"ဝမ်ရိပေါ်....အော်ခေါ်နေတာ မကြားဘူးလား....ဒီမှာ အော်ခေါ်နေတာ ကလေးက ဖင်ထဲကထွက်လာတော့မယ်.....ဝမ်ရိပေါ်......."

ဝမ်ရိ‌ပေါ် ကျန့်အာဆီ အပြေးလေးသွားလိုက်ပြီး

"ကျန့်ငယ်ရယ် ဒီလောက်နေပူနေတာ ဘာလို့လိုက်လာတာလဲ လာလာ ဒီမှာလူတွေရှိတယ် ခြုံပုတ်ထဲသွားရအောင် လာလာလာ"

သူလိုရာဆွဲတွေးနေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် သူ့မျက်နှာသူသာ ပြန်ပိတ်ရိုက်လိုက်တယ်

သူဘာလို့များ ဒီဟာကြီးကို လက်ထပ်ခဲ့မိတာလဲ

"ဝမ်ရိပေါ်!!!!ဘာတွေပြောနေတာလဲ"

"မဟုတ်ဘူးလေ ကျန့်အာရဲ့ ဒီမှာနေပူလို့ အရိပ်ထဲ သွားမယ်လို့ပြောတာ"

"ဟင်းးးး"

"ကျန့်လေး ကိုယ့်ကို လွမ်းလို့လိုက်လာတာလား"

"ခင်များကိုလွမ်းစရာလား ဒီမှာ ကလေးတွေ ပျောက်နေလို့ စိတ်ပူနေရတဲ့ကြားထဲ"

"ဟမ် ကလေးတွေပျောက်နေတယ် ခြောက်ယောက်စလုံးလား"

"ဟုတ်တယ် ခြောက်ယောက်စလုံး မနက်စာစားပြီးကတည်းက အပြင်ထွက်သွားတာ အခု နေလည်စာစားချိန်ရောက်နေပြီ ပြန်မလာလို့ လိုက်ရှာတာ ဘယ်နေရာမှာမှ မတွေ့ဘူး"

"အိုက်ယား ဒီကလေးတွေကတော့ ကိုယ့်ကျန့်အာလေး ပင်ပန်းသွားမှာပဲ လာကိုယ်နဲ့တူတူသွားရှာ‌ရအောင်"
ကြားထဲက အမှတ်ဝင်ယူနေတဲ့ ဝမ်ရိပေါ်ကြောင့် အပိုတွေဆိုပြီး ရှောင်းကျန့်ပြောလိုက်သည်

ဝမ်ရိပေါ်ကလည်း လယ်မလုပ်ချင်တာနဲ့ အတော်ပဲ ဖြစ်သွားတာပေါ့
ရွာရိုးတစ်လျှောက်လိုက်ပြီး ကလေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်

"ဗျို့ အရီး ကျုပ်တို့ကလေးတွေကို တွေ့မိသေးလား"

"မတွေ့ဘူးဟေ့ ‌ဒီလောက်ကလေး အပြုံလိုက်ကြီးသွားရင် ငါမြင်မှာပေါ့ဟဲ့"

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now