Chapter-5

905 77 2
                                    

Unicode

"စစ်သူကြီး ကျွန်မရဲ့ဆောင်ကြာမြိုင်ကို ရှာဖို့ ဝရမ်းပါရဲ့လား ဝရမ်းမပါဘူးဆိုရင် ကျွန်မဘက်က စစ်သူကြီးကို ပြန်လည် တရားဆွဲရပါလိမ့်မယ်"

ဝမ်စစိသူကြိးမှာ နည်းနည်းမှ မလန့်

"စိတ်မပူပါနဲ့ မင်းသာတရားသူကြီးကို ဘယ်လိုလာဘ်ထိုးရမလဲ စဉ်းစားထား"

တစ်ခဏအကြာမှာ လွှတ်တော်လုပ်သားတစ်ဦးဟာ ဝမ်ရိပေါ်အနားလာလို့ ခေါင်းခါပြသည်

အဓိပ္ပာယ်က သူတို့ဘာဆိုဘာမှ ရှာမတွေ့ဘူးဆိုတဲ့ သဘောပေါ့

ဒါကိုကြိုတွက်ပြီးသားဖြစ်တဲ့ ဝမ်ရိပေါ်ရဲ့ မျက်နှာကတော့ ဘာမှပြောင်းလဲခြင်းမရှိ

"ဒီမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေနဲ့ ပြည့်တန်ဆာ အားလုံးကို စုလိုက်"

တခဏအကြာမှာ
ဆောင်ကြာမှလူအားလုံး ဝမ်ရိပေါ်ရဲ့ ရှေ့ကို ရောက်လာကြတယ် ကျော်ကြားတဲ့ အပျော်အိမ်ဖြစ်တာကြောင့် အလုပ်သမားအားလုံးပေါင်း အယောက် ၅၀ကျော်လောက်ရှိမယ်

"နောက်ကလိုက်ခဲ့"

ဝမ်ရိပေါ်ဟာ ဆောင်ကြာမြိုင်ရဲ့ အနောက်တည်းခိုခန်းတွေကို တန်းတန်းမတ်မတ် လျှောက်သွားခဲ့တယ်

အနောက်ကလည်း ဆောင်ကြာမြိုင်အလုပ်သမားတွေ လိုက်ပါလာလျက်ပေါ့

လမ်းတစ်လျှောက်မှာရတဲ့ ရွံရှာဖွယ်ကာမ ဆက်ယှက်အနံတွေ၊ မွှန်ထူနေတဲ့ မွေးရနံ့တွေဟာ လူငယ်လေးတစ်ယောက်ကိုတောင် မူးမေ့လဲစေနိုင်တယ် 

တစ်နေရာ အရောက်မှာတော့ ဝမ်ရိပေါ်ဟာ ရုတ်တရက် ရပ်လိုက်ပြီး နှုတ်ကတစ်ခုခုကို ရေရွတ်လိုက်တယ်

"သွေးနံရတယ်"

အလုပ်သမားအားလုံး  ဂနာမငြိမ်ဖြစ်ကုန်ကြတော့တယ်
ဘာလို့ဆို ဒီနားမှာဘာရှိလဲ သူတို့ အသိဆုံးမို့ပင်

"အခုမှ လတ်လတ်ဆတ်ဆတ် ဒဏ်ရာရလို့ထွက်နေတဲ့ သွေးအနံ့
ကြာပန်းနံ့ မျှင်မျှင်လေးလဲရတယ်"

ဝမ်ရိပေါ် နောက်လိုက်များဟာ သူတို့ ခေါင်းဆောင်ရဲ့ နှာခေါင်းကို ဖြတ်ပြီး သူတို့နှာခေါင်းနဲ့ အစားထိုးချင်စိတ်ပါပေါက်သွားတယ်

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now