Chapter-3

925 62 1
                                    

Unicode

အမလေး ငါ့နှယ် ငါ့သမီးတော့ ဘယ်လိုသွားလဲမသိ တစ်လမ်းလုံး မြွေတွေ ကင်းတွေနဲ့ သူသာမျက်စိမလျင်ရင် သေပြီးသားပဲ

တောလဲနက်နေပြီ ဒီကလေးက ဘယ်အထိသွားနေတာလဲ

တောနက်ရဲ့ ရေတံခွန်
တစ်‌ေနရာမှာ တွေ့ပါပြီ ဝမ်ရိဆူးကို
လေးတစ်လက်နဲ့ အလုပ်တွေရှုပ်နေတာ မြှားသုံးချောင်းနဲ့
ဗျိုင်းသုံးကောင်ကိုပစ်ဖို့လုပ်နေတာ
ဒါပေမယ့်လုပ်နည်းမမှန်တော့လဲ မြှားက သူသွားစေချင်တဲ့ စီမရောက်ဘူးဖြစ်နေတယ်လေ

"ရိဆူး"

"အား.."

သူ့ကို လေးနဲ့ချိန်လာတဲ့
သမီးတော်ကြောင့် ပြေးပဲပုန်းရတော့မလို

"အမလေး အဖေပါ ကိုယ့်အဖေကိုယ်ပြန်သတ်မလို့လား"

"ဖေကြီးက အသံမှမပေးပဲ"

"ဟုတ်ပါပြီ ဖေကြီးမှားတာ ဟုတ်ပြီလား ငှက်မိပြီလား"

"လေးက ပစ်ရခက်နေတယ်"

"တစ်ကယ်တော့ လေးကပစ်ရမခက်ပါဘူး သမီးရဲ့ လေးကိုင်ပုံကမှားနေတာ ဒီမှာကြည့်ဖေကြီးပြမယ်"

ဝမ်ရိပေါ်အနားသွားကာ ရိဆူးကို မြှားသုံးချောင်းပစ်နည်း အမှန်နဲ့
ပြလိုက်တာ ဗျိုင်းသုံးကောင်လုံးကို တစ်ချက်ထဲနဲ့ ထိသွားရော

ဒါပဲလေ ဘယ်သူ့သမီးလဲ ဟော့ဒီက ဝမ်ရိပေါ်ရဲ့သမီးလေ

"ကဲသွား ဗျိုင်းတွေ သွားကောက်လိုက်ဦး အိမ်မှာ တစ်ကောင်ကင်မယ် တစ်ကောင်ပေါင်းမယ် တစ်ကောင်ပြုတ်မယ် အဆင်ပြေလား"

"ပြေမှပြေ"

ဗျိုင်းသွားကောက်နေတဲ့ သမီးကို မျက်ခြေပျက်မခံကြည့်ရသေးတယ် ရေတံခွန်က ကျောက်တုံးတွေက ရေညှိတွေနဲ့ ချော်နေတော့ ချော်လဲမှာဆိုးလို့

"ဖေကြီး ဒီမှာ"

"လာ ပြန်မယ် သမီးဖေဖေ စိတ်ပူနေလောက်ပြီ"

"နေဦး ကျန်သေးတယ်"

"ကျန်တယ် ဘာကျန်သေးတာလဲ"

နောက်တော့ ရိဆူးက သစ်ရွက်ကြီးအောက်မှာ ထားထားတဲ့ တောယုန် အသေသုံးကောင်နဲ့
ဗျိုင်းတစ်ကောင်ကို မထုတ်လာခဲ့တယ်

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now