Chapter-4

974 69 1
                                    

Unicode

"ကျန့်အာ.... အချစ်လေး......
ဇနီးလေးရေ...ကိုယ်မှားမှန်းသိပါပြီ"

သို့သော် အခန်းထဲက အရိပ်လေးကတော့ လုံးဝထွက်မလာခဲ့ပါ
သူဆောင်ကြာမြိုင်တွေ သွားခဲ့ဖူးတာကို သိပြီးတော့ သူ့ကို
တစ်နေ့လည်ခင်းလုံး ဒူးထောက်ခိုင်းထားပြီး ညကြတော့လည်း အခန်းထဲပေးမဝင်

ဒါသက်သက်ညစ်တာ ရိပေါ် ရှောင်းကျန့်ကို ဖက်မအိပ်ရရင် အိပ်မပျော်မှန်းသိလို့ကို တမင်လုပ်တာ

ကလေးတွေလား ဟင့် မေးမနေနဲ့
ဖေကြီးနဲ့ ဖေဖေ အဆင်မပြေတာကို ကူပေးဖို့မစဉ်းစားဘူး ယုန်ကင်နဲ့ ဗျိုင်းကင်ကိုပဲ စားနေကြလေရဲ့

"တစ်ခါတစ်လေမှာ လက်ရဲရတယ်ဖေကြီးရဲ့"
ယုန်ပေါင်ကိုစားနေလျက်ပင် ရိချုန်းကအနားလာအကြံပေးသည်

"တော်ပါကွာမင်းလို သာသနာဖျက်ကများ"

"မယုံရင်နေပေါ့"

ရင်ကော့ပြီး ထွက်သွားတာများ မသိရင် လင်ယူဖူးသလိုပဲ

စောက်ကလေး

သို့သော်အကြံကောင်းလျှင်တစ်ချက်ဆိုသည့်အတိုင်း ဝမ်ရိပေါ်ဟာ ပြတင်းပေါက်ငယ်လေးကနေ ချစ်ဇနီးရှိရာ အခန်းလေးထဲကို ခိုးကာဝှက်ကာ ဝင်ခဲ့မိပါသည်

"ကျန့်အာ"

ကုတင်ပေါ်က အလှလေးအား မရုန်းနိုင်အောင် ဖက်ထားလိုက်သည်

"ဘာလုပ်တာလဲ ဒူးထောက်ခိုင်းထားတယ်လေ ဖယ်"

"ကျန့်အာလို့"

"ဘာလဲ"

"အရမ်းချစ်တယ်နော်"

ရုန်းနေသူလေးမှာ ရပ်သွားပြီး ရှိုက်သံလေးတစ်စအား ကြားလိုက်ရသည့်အတွက် ရိပေါ်တစ်ယောက် ရင်ထဲမှာ ဗလောင်ဆူသွားတော့သည်

"ကျန့်အာ ငိုနေတယ် ကိုယ်ဝင်လာတာမကြိုက်လို့လား ဟုတ်လား ကိုယ့်အဲ့တာဆို ပြန်ထွက်သွားမယ်နော် ငိုတော့မငိုပါနဲ့ ကိုယ်သွားပြီနော်"

ရိပေါ်ထွက်သွားမယ်အလုပ်မှာ သူ့လက်ကိုဆွဲကိုင်လိုက်တဲ့ လက်သေးသေးလေးကြောင့် သူပြန်လှည့်ကြည့်လိုက်မိသည်

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now