Chapter-8

557 41 4
                                    

Unicode

"သခင်လေး!!!"

"ဘာဖြစ်တာလဲ"

တစ်ခုခုများဖြစ်လို့လားလို့ ဓားဆွဲပြီး သူ့မှာတော့ ပြေးလာရတာ မဟုတ်ဘူးပဲ

"သခင်လေး ဒါတွေက"

ကျန့်အာရဲ့မျက်နှာဟာ စိတ်လှုပ်ရှားမှု ကြောက်ရွံ့မှုတို့ပေါင်းစပ်နေသည်ကို သိသိသာသာမြင်နေရသည်

"ဆိုင်ကလာပို့တဲ့ ပစ္စည်းတွေမှတ်လား မင်းအတွက် ဝယ်ထားတာ အကုန်လုံး မင်းဟာချည်းပဲ"

ကောလေးဟာ ရွှေတုံးရာချီတန်သော ပစ္စည်းများကိုတစ်လှည့် သူ့(ရိပေါ်)မျက်နှာကို မသိမသာ ကြည့်ပြီးတော့

" ဒါပေမယ့် သခင်လေး ဒါတွေက အရမ်းဈေးကြီးလွန်းပါတယ် ကျွန်တော် လက်မခံနိုင်ပါဘူး သခင်လေး"

"အရမ်းတွေ နှိမ့်ချမနေပါနဲ့ ဒါတွေကို မင်းမယူရင် ငါဘယ်သူ့ကိုသွားပေးရမှာလဲ"

ထိုအခါတော့ ကောလေးက စကားပြန်မလာ မြေကြီးကိုသာ ငုံ့ကြည့်လို့နေတယ်

သူဟာ သာမန်အစေခံတစ်ယောက် ပြည့်တန်ဆာအိမ်က ကောတစ်ယောက် သူဒါမျိုးတွေနဲ့ မထိုက်တန်ဘူးလို့ ခံစားနေရသည်

ဒါဟာလည်း သူဟာငယ်စဉ်က အနိုင်ကျင့်ခံရမှုနဲ့ အဖတ်မတန်အောင် ပြောဆိုခံခဲ့ရတာကြောင့်လဲ ပါမည်
ဈေးကြီးတဲ့ ပစ္စည်းတွေကိုဆို မျက်လုံးလေးတောင် စွေမကြည့်တက်ပေ

ဒါကိုသိတဲ့ ရိပေါ်ဟာ အလုပ်သမားကိုင်ဆောင်ထားတဲ့
ကတ္တီပါဘူးလေးထဲက မြစိမ်းရောင် ဆံထိုးလေးကို ရှောင်းကျန့်ရဲ့ ဆံပင်မှာ ထုံးဖွဲ့ပေးလိုက်ပြီး

"ကြည့်စမ်း မင်းနဲ့ ဘယ်လောက်လိုက်သလဲ လုပ်ပါအုံး ကူပြောပေးပါအုံး"

"ဟုတ်ပါတယ် သခင်လေး သခင်လေးနဲ့ အရမ်းလိုက်ပါတယ် သခင်လေးငြင်းမနေပါနဲ့
သခင်လေးရဲ့ ခင်ပွန်းက သခင်လေးကို အရမ်းဂရုစိုက်တာပဲ
ဒီလိုခင်ပွန်းမျိုးကို ရတာသခင်လေး အရမ်းကံကောင်းပါတယ်"

"မ...မဟုတ်ဘူး ကျွန်တော့
ယောင်္ကျား မဟုတ်ဘူး "

"အာယိုး သခင်လေးက ရှက်နေတာပဲ ကြင်စဦးထင်ပါတယ်"

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now