Chapter-7

723 45 0
                                    

Unicode

ကောငယ်လေး ရှောင်းကျန့်၏ အကူအညီဖြင့် ‌ဝမ်ရိပေါ်တစ်ယောက် မုဟွာရဲ့ မကောင်းမှုအားလုံးကို ဖော်ထုတ်နိုင်ခဲ့သည်

အခု အိမ်ပြန်ချိန်တန်ပြီ မုဟွာအတွက်တော့ စိတ်မကောင်းပါဘူး အဟတ်

ဝမ်ရိပေါ် သူ့ရဲ့ မြင်းညိုကြီးပေါ်တက်လိုက်ပြီး အိမ်ကိုသာ ခရီးပြန်နှင်ခဲ့တယ်

လမ်းမှာ ရှောင်းကျန့်ဟာ သူ့အဝတ်တွေ ယူဝတ်ထားရမှန်းသတိရတော့ လမ်းကြုံတဲ့ ဆိုင်မှာ အဝတ်အစားတွေ ဝယ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်

ကောပျိုလေး တစ်ယောက်က ကျော့ကျော့မော့မော့ နေရဖို့ ထိုက်တန်ပါတယ်

ရှောင်းကျန့်ဟာ အလွန်ကံကောင်းတဲ့ ကောလို့ သူတွေးလိုက်မိတယ်
ပထမ ကံကောင်းမှုက သူ့ကို လွတ်အောင်ကယ်ပေးမယ့် ဝမ်ရိပေါ်ကို ရှာတွေ့ခဲ့ပြီး
ဒုတိယက သူ့အတွက် အဝတ်တယ်ပေးမဲ့ ကြုံရာဆိုင်ဟာ လုတြိန်ရဲ့ အကောင်းဆုံး ပိုးထည်ချည်မျှင် လက်ဝတ်လက်စားတွေ ရောင်းတဲ့ဆိုင်ဖြစ်နေတယ်လေ

ထိုဆိုင်မှာရောင်းတဲ့ အနိမ့်ဆုံး အထည်ရဲ့‌ဈေးဟာ သာမန်လူတန်းစားတစ်ယောက်ရဲ့ တစ်နှစ်စာနဲ့ညီမျှပါတယ်

ဆိုင်ရဲ့ တတိယအလွှာက ကျောက်စိမ်းတွေရောင်းတဲ့ ဆီက ကျောက်စိမ်းဆံထိုး သုံးချောင်း ကျောက်ဖြူလက်ကောက်လေးကတော့ ရှောင်းကျန့်ရဲ့အသားအရည်နဲ့ အလွန်လှပလိုက်ဖက်တာကြောင့်
ဝယ်လာခဲ့လိုက်တယ်

တော်ဝင်အဆင့်မှီ ပိုးထည် အထည် နှစ်ဆယ်လောက်လဲ ဝယ်ခဲ့သေးတယ်
ပန်းထိုးဖိနပ်နဲ့ခါးစီး ကျောက်စိမ်းပြားလေးကိုလည်း ဝယ်ခဲ့‌ေသးတယ်

အပြန်ကျတော့ ဆိုင်ကို သူ့အိမ်လာပို့ပေးဖို့ မှာလိုက်ရတယ်
သူ့ရဲ့ မြင်းက အကြမ်းခံတဲ့ စစ်မြင်းဆိုပေမယ် သူ့မြင်းက စစ်ပွဲထဲမှာလဲ ပင်ပန်းလာတာလေ ထပ်မပင်ပန်းစေချင်တော့လို့

အိမ်တော်ပြန်ရောက်တော့ အံဩစရာကောင်းတဲ့ မြင်ကွင်းက သူ့ကိုစောင့်မျှော်နေခဲ့တယ်

ဖုန်တွေ အထပ်လိုက်တက်နေတဲ့ သူ့အိမ်တော်ဟာ သန့်ရှင်းနေပြီး ဖုန်စလေး တစ်စတောင် မတွေ့ရဘူး

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now