Chapter-10

616 39 0
                                    

Unicode

ညနေစောင်းမှာ ချန်ကျို့ရွာလေးဟာ တိတ်ဆိတ်လို့နေပေမယ့်
ဝမ်ရိပေါ်ရဲ့ အိမ်တွင်တော့ ဆူညံလို့နေသည်

"ဖေကြီး နွန်နွန် လိုက်မှာ သူတို့ကိုခေါ်နဲ့"

"ဟင့်အင်း ဟင့်အင်း ရပါဝူး
နွန်နွန့်ကို ခေါ်ရင် လီလိ့ကိုလဲ ခေါ်ရမယ်"

"ဖေကြီး သားတို့က တူတူမွေးလာတာ အားလုံးကို တူတူခေါ်ခွဲခြားခွဲခြား လုပ်ပါနဲ့"

"လိုက်ပါနဲ့ဆို"

"လိုက်မှာပဲ ဘာဖြစ်လဲ"

"ဟုတ်တယ် ငါတို့ဖေကြီးနောက်ငါတို့လိုက်နာ နင်ဖေကြီးနောက်လိုက်တာမဟုတ်ပဲ"

"မရဘူး ဒါငါ့ဖေကြီး "

"ငါတို့ဖေကြီးလဲ ဟုတ်တယ်လေ ဖေကြီး လုပ်ပါနော် သားတို့ကိုထေါ်ပါ"

"ရဝူး ရဝူး ဖေကြီးကတိပေးထာတယ် နွန်နွန်ကိုပဲ ခေါ်မယ်လို့"

"ဟင့် ဖေကြီး ယျန်ယျန်တို့လဲ လိုက်ချင်လို့ပါ"

ဝမ်ရိ‌ေပါ်မှာ အမွှာသုံးယာက်နဲ့ တွဲလောင်းတွဲလောင်းဖြစ်နေလေသည်

ကျန့်အာကို ဆေးဆရာဆီ ပို့ဖို့အရေး ဒီသုံးယောက်အား ဘယ်လိုခွာချရမလဲ စဉ်းစားရကြပ်နေသည်

ချော့ပြောလဲမရ ခြောက်ပြီးလည်း မပြောရက်
ခက်ချေပြီ

အဆုံးတွင်တော့ ရိဆူး၏ အကူအညီဖြင့် မျောက်ကလေးသုံးကောင်လက်မှ လွတ်မြောက်ခဲ့လေသည်

နွားနှစ်ကောင်ဆွဲသော
လှည်းကလေးပေါ်တွင် လှပသော ဗိုက်ဗိုက်လေးနှင့် ခန်ညားသော ယောင်္ကျားတစ်ဦး၏ ပုံရိပ်မှာ ပြန့်ဖြူးသော အဝါရောင်
တောင်တက်လမ်း
စိမ်းလန်းသော နောက်ခံတောင်ကြီးများ ကောင်းကင်ပြာပြာနှင့် လွန်စွာပနှံသင့်လှသည်

ထိုမြင်ကွင်းအား ပန်းချီကားအဖြစ်သာဖော်ပြလျှင် ဆုတွေဘာတွေတောင် ရနိုင်သည်

"ရိ‌ပေါ် ကလေးတွေ ငိုနေမလားပဲ"

"ကျန့်အာပဲ ထားခဲ့ဆို"

"ဟုတ်တယ်လေ မထားခဲ့ရင် အခုလို ကျွန်တော်နဲ့ခင်များနဲ့ သာယာတဲ့ ခရီးလေးရနိုင်ပါ့မလား"

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now