Chapter-9

533 31 1
                                    

Unicode

"ရိပေါ်"

"ကျန့်အာ ဘာဖြစ်လို့လဲ"

"သကြားကုန်တော့မယ် ကလေးတွေကို အချိုတွေ လျှောက်လုပ်ကျွေးမနေနဲ့တော့"

"ကျန့်အာရယ် ကုန်တော့လဲ ဝယ်ရုံပဲပေါ့ ကလေးတွေစားပါစေ ဒါလုပ်ကျွေးချင်လို့ သကြားဝယ်လာတဲ့ဟာကို"

ရှောင်းကျန့် သက်ပြင်းခိုးချလိုက်သည်
သူ့ယောင်္ကျားဟာ သုံးဖြုန်းရတာကို အလွန်ဝါသနာပါသည်
သကြားတို့ဆီတို့ဆိုသည်မှာ အလွန်ဈေးကြီးပြီး သာမန်လူတန်းစားတွေပင်မစားနိုင်ပါ
သူဌေးသူကြွယ်တွေ အမတ်တွေ မင်းမျိုးမင်းနွယ်တွေသာစားကြသည် အခု သူတို့ကဘာလဲ သာမန်လယ်သမားမိသားစု
ပြီးတော့ ရိပေါ်က လယ်ကိုလဲ ကောင်းကောင်းမလုပ်ပေ

ရိပေါ်ရဲ့ လယ်က ဘယ်တုန်းကမှမဖြစ်ထွန်း
သို့ပေမယ့် ရိပေါ်က တောင်ပေါ်မှာ အမဲလိုက်ကာ သူအမဲလိုက်တိုင်း တောကောင်ကြီးကြီးတွေ ရလာတက်တာကြောင့်
မြို့မှာသွားရောင်းလေ့ရှိသည်
သွားရောင်းတိုင်းလဲ အနည်းဆုံး ရွှေတုံးတစ်‌ထောင်လောက် ရသည်

သူတို့က သာမန်လယ်သမားမိသားစုလေးဆိုသော်ညား
နေတိုင်းသုံးစွဲပုံက သူဌေးမိသားစုလိုပင်

ထိုအလေ့ကို ဝမ်မားလဲ မကြိုက်သလို ရှောင်းကျန့်လဲ မကြိုက်ပါ
ရိပေါ်ကတော့ လက်ဖွာတာပေါ့ ဒါပေမယ့်
ကလေးတွေမှာ အသုံးအဖြုန်းကြိုက်တဲ့ အကျင့်စွဲသွားမှာစိုးသည်
ယခုလဲ ကလေးတစ်ဦးက ထပ်တိုးအုံးမယ်
ကလေးတစ်ယောက်ရဲ့ စရိတ်က နည်းတာလဲမဟုတ်ဘူး
သူတို့မှာ ကလေးခုနှစ်ယောက်တောင် ရှိမှာ အဲ့တာကို ကိုယ်တော်ချောက ဟိုဟာဝယ်ပေးလိုက် ဒီဟာဝယ်ပေးလိုက်
သူ(ရှောင်းကျန့်)မသိအောင်ဝယ်ပေးလိုက်
ကျွေးတဲ့အစားအသောက်တွေကလဲ ကောင်းပေ့ဆိုတဲ့ ဟာတွေချည်းပဲ အသားဟင်းလဲ နေ့တိုင်းစားရပြီး သစ်သီးဆိုတာလဲ စားရလွန်းလို့ မစားဖူးတဲ့အသီးဆိုတာမရှိဘူး နည်းနည်းစားတာနဲ့ဝတဲ့အမျိုးသာဆိုရင် ရှောင်းကျန့်က လူလေးမမွေးပဲ ဝက်လေးတွေမွေးပါတယ်ဆိုပြီး နာမည်တွင်သွားမယ်

သမီးနဲ့ကောလေးတေ‌ွကို ဆင်ပေးလိုက်ရင်လဲ
အဝတ်အစားကစ လက်ဝတ်လက်စားတွေက အသေးဆုံးလေးကတောင် ရွှေဆယ်တုံး‌ေကျာ်တန်တယ်
သားက တစ်ခုခုလိုချင်ရင်လည်း နှစ်ခါ ပြောစရာမလိုဘူး တန်းဝယ်ပေးတယ်
ကလေးတွေ အမှားတစ်ခုခုလုပ်မိရင်လည်း မရရအောင်ကာပြောပေးတာ ဘာတဲ့ သူ့ကလေးကမှားရင်တောင် မှားပုံမှားနည်း
မှန်တယ်ဆိုပဲ

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now