Chapter-11

292 31 3
                                    

Unicode

အူဝါးးးးးး အူဝဲ

"ကလေးက ဘယ်လိုဖြစ်တာလဲ သမက်ရှောင်း"

"သားလဲမသိဘူး အမေ နိုးကတည်းက ဂျီကျနေတာ နို့လဲတိုက်ပြီးပြီ အိပ်လဲအိပ်ထားတယ် ဘာကိုအလိုမကျဖြစ်နေလဲမသိပါဘူး"

"အမေ့ကို ခဏပေးပါအုံး ထိန်းကြည့်မယ်"

ရှောင်းကျန့် ဆူးဆူးလေးအား
အမေဝမ်လက်ထဲသို့
ထည့်ပေးလိုက်သည်

"မြေးလေး ဆူးဆူးလေး ဖွားမြေးလေး ဘာလိုချင်လဲ ဖွားကိုပြော အမလေး မငိုပါနဲ့ကွယ် "

အမေဝမ်က ကလေးအား မြူသည် မြူလေပိုဆိုးလေဖြစ်ပြီး ခါးကိုကော့ချကာ ငိုနေသည့်အတွက်ရှောင်ကျန့်ကပါ နောက်ကနေ လိုက်ထိန်းနေရသည်

"အမေ ဆူးဆူး ထူးထူးခြားခြား ငိုနေပါလား ဒီကောင်မလေး
ငိုခဲတဲ့ဟာကို"

ပထမသား ဝမ်ပိုင်သည် အနီးအနားရှိ ခုံမှာဝင်ထိုင်ကာ ကလေးအား ကူချော့လေသည်

သို့သော် ဆူးဆူးသည် ရပ်မသွားပါ ပို့လို့ပင် ဆိုးဝါးလာသည်

"ကျန့်အာ"

"ရိပေါ် ပြန်လာပြီလား
ကုန်သည်တွေနဲ့ သွားတွေ့တာ မြန်လှချည်လား"

"ဟုတ်တယ် အချိန်လဲ နီးနေတာနဲ့ ပြန်လာခဲ့တာ ကျန့်အာနဲ့ ခပ်ကြာကြာလေးနေရအောင်လေ"

"ဒီကောင်စုတ်လေး ဘာစကားတွေပြောနေတာလဲ တစ်လလောက်သွားရုံလေးကို
တစ်သတ်လုံးသွားမယ့်ပုံနဲ့ "

"ကျွန်တော့ရဲ့နှလုံးသားကို အိမ်မှာထားပြီး သွားရမှာလေ အခုတောင် ခဏလေးသွားတာ လွမ်းလို့ပြန်လာတာ"

အမေဝမ်ကမဲ့ရွဲ့ကာ

"မင်းတို့ လူငယ်တွေကတော့ ငါမပြောချင်ဘူး ပိုကိုပိုတယ်"

"အမက ဘယ်နားလည်ပါ့မလဲ အမေကအိုနေပြီကို"

"ရိပေါ် အမေ့ကို ဘယ်လိုတွေပြောနေတာလဲ"

"ကိုယ်မှားပါတယ် အမလေး
ဖေကြီး ချစ်တုံးသေးသေးလေး ငိုလှချည်လား လာပါအုံး မင်းသမီးလေးရယ်"

အမေဝမ်လက်ထဲက သုံးလသမီးလေး ဆူးဆူးက လက်ကလေးဆန့်ထုတ်ကာ ချီခိုင်းနေတာမို့
ရိပေါ် သမီးအား လက်ပြောင်းယူလိုက်သည်

You've reached the end of published parts.

⏰ Last updated: Sep 22 ⏰

Add this story to your Library to get notified about new parts!

မင်းရယ် ကိုယ်ရယ် ကိုယ်တို့ကလေးလေးတွေရယ်Where stories live. Discover now