ယာဉ်တန်းသည် ရှေ့သို့ ဆက်လက် ရွေ့လျားနေသည်။နေ့လည်ခင်း အနားယူချိန်အတွင်းတွင်၊ ရှီယွမ်သည် လူပါးဖန်းနှင့်အတူ ပဲပုပ်ပဲထည့်ထားသည့် ခရမ်းချဉ်သီးဆော့စ် စည်သွပ်ဗူးကို သွားယူခဲ့သည်။ သူသည် အခြားသော အဖွဲ့သားများကို အနည်းငယ်ကြောက်နေသေးသော်လည်း ယခင်ကထက်စာလျှင်တော့ ပိုကောင်းလာပြီပင်။
လူပါးဖန်းသည် ကားနံဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ အံကို ကြိတ်ထားပြီး မျက်နှာကို ရှုံ့မဲ့ကာ သံတုံးကဲ့သို့မာကျောနေသည့် အမဲသားအရွတ်အပိုင်းအစဖြင့် တိုက်ခိုက်နေသည်။
ရှီယွမ်သည် လူပါးဖန်း၏ နံဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးမြန်းတော့သည်၊ "ပျောက်ကွယ်သွားတဲ့ ချောက်နက်တွေရော မရှိဘူးလား?"
ရှီယွမ်သည် တစ်ဖက်လှည့်ဖြင့် သူ့အကြောင်းကိုသူ ပြန်မေးနေခြင်းပင်။
လူသားများသည် ချောက်နက် ပျောက်ဆုံးသွားသည်ကို သတိထားနိုင်လောက်အောင် ဉာဏ်ကောင်းကြသည်ဟု ရှီယွမ် တွေးမိသည်၊ ထို့အပြင် သူသည် ယခုအချိန်ထိ သူ၏ နံပါတ်ကို မသိရသေးပေ - ကြည့်ရသည်မှာ ချောင်နက်တိုင်းတွင် နံပါတ်ကိုယ်စီ ရှိကြသည်။
"ရှိတာပေါ့!" အသေအချာပင်။ လူပါးဖန်းသည် သူ့ပေါင်သူ ရိုက်လိုက်ပြီး "တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ သိပ်မကြာခင်က ချောက်နက် နံပါတ် 0 ပျောက်ကွယ်သွားတယ်၊ မင်း ထူးဆန်းတယ်လို့ မထင်ဘူးလား? အံ့ဩစရာကောင်းချက်က၊ အဲ့ ဒီ့နေရာကြီးတစ်ခုလုံးက မြေပြင်အဖြစ် ပြန်ပြောင်းသွားတယ်လေ! အဲ့ဒါကြီးက အကြီးကြီးကို မွှေသွားတာပဲ၊ အခုအချိန်အထိ တစ်ယောက်မှ အဖြေရှာမရကြသေးဘူး"
ရှီယွမ် : "အိုး..."
ထို့နောက် ရှီယွမ်သည် အတွေးပွါးကာ တိတ်ဆိတ်သွားတော့သည်။
လူပါးဖန်းသည် ဤအကြောင်းသည် ဒီနေရာတွင်ပင် ရပ်သွားပြီဟု တွေးလိုက်ကာ သူ၏ အမဲသားအရွတ်ကို ဆက်လက်စားသုံးတော့သည်။ လုံခြုံရေးတာဝန်ခံများအပြင် လူတိုင်းသည် စားသောက်၊ အနားယူပြီး အိပ်နေကြသည်။ လူပါးဖန်းသည် အရသာခံ မွေ့လျော်ရန် ကားထိုင်ခုံအခင်းအောက်တွင် ဖွက်ထားသည့် အလှအပမဂ္ဂဇင်းကို ခိုးကြောင်ခိုးဝှက် ထုတ်ယူလိုက်သည်။ စာမျက်နှာ နှစ်မျက်နှာလောက်ပင် မဖတ်ရသေးခင်တွင် လူပါးဖန်းသည် ရှီယွမ်၏ တီးတိုးစကားသံကို ကြားလိုက်ရတော့သည် "ကျွန်တော်က 0"
YOU ARE READING
ချောက်နက်လေးနှင့် နေထိုင်ခြင်း
RomanceZhùshì shēnyuān [မြန်မာဘာသာပြန်] စာရေးသူ-ကျန်းဝေကျီး Status in COO (124+12 extras)