အပိုင်း ၁၃ ။ ။ အာဏာရှင်ကြီး ရှီယွမ်
ရှီယွမ်က ပြောလိုက်သည် “မစ္စတာရှ၊ ဆောရီးပါ၊ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဘားမသွားခိုင်းဘူး”
“ဟမ်?” ရှဖန်းက အတော်လေးကို နားမလည်နိုင်ဖြစ်သွားသည်။
“မင်းရဲ့ သူငယ်ချင်းက ဒါတွေကို လိုက်ဂရုစိုက်နေတုန်းလား? ဒါမှမဟုတ် သူက မင်းရည်းစားများလား?”“အဲ့လိုလဲ မဟုတ်ဘူး” ဟု ရှီယွမ် ပြောလိုက်သည်။
သူသည်လည်း အတူတွဲဖြစ်သွားကြသည့် လူသားစုံတွဲတွေအကြောင်းကို အနည်းအကျဉ်းလောက်တော့ သိနားလည်ထားသည်၊ သူနှင့် လုထင်းဟန်သည် ထိုသို့ မဟုတ်ပေ။
ထို့အပြင်၊ လုထင်းဟန်သည် သူနှင့် စုံတွဲလုပ်ဖို့/ မိတ်လိုက်ဖို့ကို ဘယ်တုန်းကမှ စတင်ဆောင်ရွက်ခြင်းမရှိခဲ့ပေ။ ရှီယွမ်သည် လုထင်းဟန်က ထိုသို့သော ကိစ္စများကို မလုပ်ချင်ခြင်းဖြစ်ရမည်ဟု ခန့်မှန်းမိ၏။
“ဒါဆို ဘာလို့များ သူက မင်းကိစ္စတွေကို လိုက်ဂရုစိုက်နေရတာလဲ? သူက မင်းကို ကြိုက်နေတာလည်း မဟုတ်ဘူး၊ ဟုတ်တယ်မလား?” ရှဖန်းမှ မေးလာခဲ့သည်။
“အဲ့ဒါအပြင်၊ မင်းက သူ့အပိုင်ပစ္စည်းလည်း မဟုတ်ဘူးလေ။ မင်းဘာပဲလုပ်လုပ် သူနဲ့ ဘာမှမဆိုင်ဘူး။ မင်း ဘားမသွားနိုင်တာပဲမလား ဒါမှမဟုတ် တခြားကိစ္စတွေရှိသေးလား?” ရှဖန်းက သူ့မေးစေ့သူ ထိကိုင်နေ၏။
“ဒီလိုဆိုရင်ရော၊ ငါတို့ အခု ဟိုဟိုဒီဒီ လျှောက်ကြည့်ဖို့ ဘားသွားကြမယ်လေ။ မင်းသာ အိမ်ကိုစောစောပြန်ပြီး ပါးစပ်ပိတ်ထားရင် ဘယ်သူမှ မင်းသွားတာမသိတော့ဘူး၊ ဟုတ်တယ်မလား?”“ဟင့်အင်း၊ ကျွန်တော်မသွားဘူး။ မင်းမှန်တယ်၊ ကျွန်တော်က သူ့အပိုင်ပစ္စည်း မဟုတ်ဘူး” ရှီယွမ် ပြောလိုက်သည်။ “သူကသာ ကျွန်တော့်အပိုင်”
လူသားတွေသည် ရှုပ်ထွေးနေသည့် အတွေးများ၊ ဆက်စပ်ဆင်ခြင်နိုင်စွမ်းရှိတဲ့ စိတ်ထားတွေနှင့် မကောင်းဆိုးဝါးသတ္တဝါများထက် ကြောက်ဖို့ကောင်းသည့် အလွန်ကို ထူးဆန်းလွန်းသော သတ္တဝါများပင်ဖြစ်သည်။ ဤကမ္ဘာကြီးထဲတွင်၊ သူနှင့်သက်ဆိုင်သည့် တစ်ဦးတည်းသော လူသားသည် လုထင်းဟန်ပင်။
YOU ARE READING
ချောက်နက်လေးနှင့် နေထိုင်ခြင်း
RomanceZhùshì shēnyuān [မြန်မာဘာသာပြန်] စာရေးသူ-ကျန်းဝေကျီး Status in COO (124+12 extras)