အပိုင်း ၁၆(၁) ။ ။ အတူတကွ အိပ်စက်ခြင်းနှင့် ဖိတ်ခေါ်ခြင်း
“ဒီတစ်ကြိမ်ပဲ ရမယ်” ဟု လုထင်းဟန်မှ ပြောလိုက်သည်။
အမြီးထုံးလေးကို ဖြည်ပေးပြီးသည့်နောက်၊ ရှီယွမ်သည် သူအလိုရှိရာကို ရခဲ့ပြီး ခေါင်းအုံးများနှင့်စောင်များပိုက်ကာ လုထင်းဟန်၏ အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။
အိပ်ခန်းနှင့် စာကြည့်ခန်းသည် တူညီသည့်ပုံစံပင်ဖြစ်ကာ၊ အလွန်တရာရိုးရှင်းလှသည်၊ ကုတင်အကြီးကြီး၊ အိပ်ရာဘေးစားပွဲ၊ စားပွဲတင်မီးအိမ်နှင့် စာအုပ်စင်များ အားလုံးတို့သည် ရိုးစင်းသည့် အရောင်များရှိသည်။
လုထင်းဟန် : “အရင်အိပ်နှင့်၊ ငါက လုပ်စရာရှိသေးတယ်”
“အိုခေ” ရှီယွမ်မှ ပြောလိုက်သည်။ သူသည် အိပ်ယာထဲသို့သွားလိုက်ပြီး မျက်တောင်တစ်ခတ်စာအတွင်းတွင် စောင်နှင့် သူ့ကိုယ်သူ ပတ်ထားပြီးပြီဖြစ်ပြီး ဘောလုံးလေးလို ကွေးနေကာ သူ၏မျက်နှာဖွေးဖွေးလေးနှင့် အမြီးထိပ်ဝက်လေးသာ ပေါ်နေတော့သည် — ထိုအမြီးထိပ်လေးသည် ပျော်ရွှင်စွာဖြင့် လှုပ်ယမ်းနေလေသည်၊ “ကျွန်တော် ခင်ဗျားပြန်လာတဲ့အထိ စောင့်နေမယ်၊ မြန်မြန်ပြန်လာအိပ်ရမယ်နော်”
လုထင်းဟန်သည် ရှီယွမ်ကို နှုတ်ဆက်ကာ စာကြည့်ခန်းထဲသို့ သွားလိုက်သည်။
လုထင်းဟန်သည် စာရွက်စာတမ်းများကို နာရီဝက်လောက် ဆောင်ရွက်နေခဲ့ပြီး ကျူချန် (အဓိကမြို့တော်) သုတေသနအဖွဲ့အစည်း၏ ငှက်များ၏ ဖြစ်စဉ်အကြောင်း ပဏာမ စစ်ဆေးခြင်း ရလာဒ်ကို ဂရုတစိုက် ဖတ်ရှုနေလိုက်သည်။
လုထင်းဟန်၏ တာမီနယ်မှ အသံမြည်လာခဲ့ပြီး ခေါ်ဆိုသည့် IDသည် “စူးလောင်ရှီး” ဖြစ်သည်။
လုထင်းဟန်သည် ခေါ်ဆိုမှုကို လက်ခံလိုက်ပြီး ဆံပင်ဖြူနှင့်လူကြီးတစ်ယောက်က သုံးဖက်မြင် မြင်ကွင်းတွင် ပေါ်လာသည် : ထိုလူသည် ကျန်းမာရေးကောင်းနေဆဲပင်၊ သူ၏ မျက်နှာတွင် အရေးအကြောင်းများက နက်နက်နဲနဲပေါ်လွင်နေပြီး တစ်ချိန်က သန်မာခဲ့သည့် ခန္ဓာကိုယ်သည် ပိန်ပါးကာ ခါးကိုင်းနေသော်လည်း သူ၏ မျက်ဝန်းထံမှ ဇွဲလုံ့လတို့ကတော့ ပျောက်ကွယ်မသွားပေ။
YOU ARE READING
ချောက်နက်လေးနှင့် နေထိုင်ခြင်း
Roman d'amourZhùshì shēnyuān [မြန်မာဘာသာပြန်] စာရေးသူ-ကျန်းဝေကျီး Status in COO (124+12 extras)