အပိုင်း ၉ ။ ။ ကမ္ဘာကြီး
ဤသို့ဖြင့် ရှီယွမ်သည် လုထင်းဟန်၏ လေယာဉ်ပေါ်သို့ လိုက်ပါသွားလေသည်။
လေယာဉ်သည် သိပ်သည်းသည့် ညအမှောင်ထုထဲသို့ ဝေ့ဝိုက်ပျံသန်းနေသည်။ ဤနေရာသည် ကန္တာရနှင့်မတူပါဘဲ ကွဲပြား၏။ ရှီယွမ်သည် မှန်ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်ကြည့်လိုက်သည့်အခါ အဆောက်အဦးများသည် မညီမညာနှင့် အများစုသည် မီးခိုးရောင်များ ဖြစ်ကြပြီး အချို့သည် အိုဟောင်းကာ၊ အချို့သည် သစ်လွင်နေပြီး အချို့သည် ပျက်စီးလို့နေသည်။ လမ်းများသည် အဆောက်အဦးများကို အစီအစဉ်မကျ ဖြတ်တောက်ထားပြီး လမ်းလျှောက်သွားလာနေသည့် လမ်းသွားလမ်းလာ အနည်းငယ်ကိုလည်း မြင်နေရသည်။ ထို့အပြင် အနက်ရောင် ဝတ်စုံပြည့်ဖြင့် သေနတ်များကိုင်ဆောင်၍ ကင်းလှည့်နေသည့် လူများကိုလည်း မြင်တွေ့လိုက်ရသည်။
မိနစ်နှစ်ဆယ် ကြာပြီးသည့်နောက်တွင် လေယာဉ်သည် နယ်မြေအသစ်သို့ ရောက်ရှိလာသည်။
ဤနေရာတွင် ရှိသည့် အဆောက်အဦးများ အားလုံးသည် ပို၍ ပုံမှန်ဆန်သည့် မိသားစုနေအိမ်များ ဖြစ်ကြပြီး လမ်းများသည် သန့်ရှင်း၍ အစောင့်များလည်း ရှိကာ စောင့်ကြပ်နေကြသည်။ သူတို့သည် သီးသန့်ရပ်ကွက်တစ်ခုသို့ ရောက်ရှိလာခြင်းပင်။ လုထင်းဟန်သည် ရှီယွမ်ကို တသီးတခြားဖြစ်နေသည့် အဆောက်အဦးရှိရာဆီသို့ ခေါ်ဆောင်လာကာ တံခါးကိုဖွင့်၍ ကျယ်ဝန်းပြီး ဗလာသက်သက်ဖြစ်နေသည့် အိမ်ထဲသို့ ဦးဆောင်ဝင်သွားသည်။
အိမ်သည် အပေါ်အောက် အထပ်နှစ်လွှာရှိသည့် နှစ်ထပ်တိုက်ဖြစ်ကာ ကောင်းမွန်စွာ အလှဆင်ပြင်ဆင်ထားသည်။
အိမ်ထဲတွင် နံရံများသည် သန့်ရှင်းကာ မီးလုံးများက တောက်ပလို့နေသည်။ ဧည့်ခန်းတွင် ဆိုဖာနှင့် တီဗွီသာရှိပြီး မီးဖိုချောင်ကို ဖွင့်ထားသည့်ပုံစံ ပြင်ဆင်ထားကာ အိုးများ၊ ဒယ်ပြားများရှိနေသော်လည်း ဟင်းခတ်ပစ္စည်းများမရှိ၊ ရေခဲသေတ္တာထဲတွင်လည်း ဘာမှမရှိပေ။ အိမ်ကို မကြာမကြာ သန့်ရှင်းရေးလုပ်ထားသည့်ပုံပေါ်ကာ ကြမ်းပြင်တွင် ဖုန်မှုန့်တစ်မှုန်မျှတောင် မရှိပါပဲ သန့်ရှင်းလို့နေသည်၊ အိမ်သည် သန့်ရှင်းသပ်ရပ်သော်လည်း အသက်ဝင်မှု မရှိပေ။
YOU ARE READING
ချောက်နက်လေးနှင့် နေထိုင်ခြင်း
RomanceZhùshì shēnyuān [မြန်မာဘာသာပြန်] စာရေးသူ-ကျန်းဝေကျီး Status in COO (124+12 extras)