အပိုင်း ၁၀ ။ ။ ဝံပုလွေသွားစွယ် ဆွဲသီး
လုထင်းဟန်သည် ရှီယွမ်ကို ခေါ်ဆောင်၍ ဆိုင်ထဲသို့ ရင်းနှီးနေသည့် ဟန်ပန်ဖြင့် ဝင်သွားသည်။
ဆိုင်နာမည်မှာ 'ဂျုံပင်ခေါက်ဆွဲဆိုင်' ဖြစ်ပြီး ဆိုင်အပြင်အဆင်သည် ရိုးရှင်းလှသည်။ ဆိုင်ရှင်သူဌေးသည် လုထင်းဟန်ကို မြင်သည်နှင့် ပြုံးပြကာ "အရင်လိုပဲ ဒုတိယထပ်က သီးသန့်ခန်းပဲမလား"
ဤဆက်ဆံမှုသည် ဟိုးအရင်ကတည်းက ခင်မင်ကျွမ်းဝင်နေမှုမျိုးပင်။
သူတို့နှစ်ယောက်သည် တကျွိကျွိမြည်နေသည့် လှေကားပေါ်မှ ဒုတိယထပ်သို့ တက်ကာ စင်္ကြံလမ်း၏ အဆုံးတွင်ရှိနေသည့် အခန်းထဲသို့ ဝင်လိုက်သည်။ တံခါးပိတ်လိုက်ပြီးသည်နှင့် အပြင်ဘက်မှ မည်သည့် လှုပ်ရှားမှုအသံမျိုးကိုမှ မကြားရတော့ဘဲ လုထင်းဟန်သည် သူ့ mask ကို ချွတ်ကာ ရှီယွမ်အရှေ့သို့ မီနူးကို တွန်းပေးလိုက်ပြီး "မင်း ဘာမှာချင်လဲ?"
ရှီယွမ်သည် မီနူးကို အကြာကြီး ကြည့်ကြည့်လိုက်ပြီး "ကျွန်တော် ဒီ နတ်ဆိုးရဲ့ငရုတ်သီးခေါက်ဆွဲကိုမှာချင်တယ်"
သူသည် အမြဲပင် ဒဏ္ဍာရီလာ 'ငရုတ်သီး' ဆိုသည့် အရသာအပေါ်ကို သိချင်စိတ်ပြင်းပြနေပြီး ဘာကြောင့် လူသားတွေက အဲ့ဒါကို ကြိုက်နှစ်သက်သလဲဆိုတာကို သိချင်နေသည်။
လုထင်းဟန်မှ မေးလိုက်သည် "မင်း အစပ်စားနိုင်လို့လား?"
"ကျွန်တော် စားကြည့်ချင်လို့" ရှီယွမ်မှ ပြောလိုက်သည် "ကျွန်တော်တော့ စားနိုင်မယ်လို့ထင်တာပဲ"
လုထင်းဟန်သည် မှာလိုက်ပြီး၊ ခေါက်ဆွဲနှစ်ပွဲရောက်လာဖို့ သိပ်မကြာလိုက်ပေ၊ တစ်ပွဲသည် အနီရောင်အရည်ဖြစ်ပြီး နောက်တစ်ပွဲသည် အရိုးပြုတ်ရည်ဖြစ်ကာ သူဌေးသည် အသားတွေအများကြီး ထည့်ပေးထားသည်။
လုထင်းဟန်သည် တူကိုယူလိုက်ပြီး စားရန် အလောတကြီးဖြစ်မနေပါဘဲ ရှီယွမ်ကို ကြည့်နေလိုက်သည်။
ရှီယွမ် : "ဘာဖြစ်လို့လဲ?"
လုထင်းဟန် : "မင်း စားလေ" သူသည် ရေခဲရေတစ်ခွက်ကိုပါ ရှီယွမ်၏ လက်ဆီသို့ တွန်းပို့ပေးလိုက်သည်။
YOU ARE READING
ချောက်နက်လေးနှင့် နေထိုင်ခြင်း
RomanceZhùshì shēnyuān [မြန်မာဘာသာပြန်] စာရေးသူ-ကျန်းဝေကျီး Status in COO (124+12 extras)