အပိုင်း ၁

7K 160 1
                                    

Koe (နှလုံးသားအရင်းအနှီး):

"ဗျို့ !!! သူကြီးရေ...သူကြီး သူကြီး
မြို့ကစာလာတယ်ဗျ"

"အေးးး ငါ့အဘသူကြီးမရှိဘူးကွ စာကိုငါ့ပေးခဲ့ !!!"

"ဟာ...ဘယ်ဖြစ်မလဲဗျ ဒီစာက အရေးကြီးတယ်လို့
ဘထွေးလေး ပြောလိုက်တယ်
ကျုပ်က သူကြီးလက်ထဲအရောက်ပေးရမှာဗျ"

"ဟ သာဂွ ငါကသူကြီးသားပါကွ အဲ့စာကိုငါ့အဘလက်ထဲပဲပေးမှာပါ
ငါ့ပေးခဲ့"

"မဖြစ်ပါဘူး ကိုဇောဓန ရာ ခဗျားက မူးမူးရူးရူးနဲ့ ထန်းတောထဲ ကျန်နေခဲ့မှဖြင့် ကျုပ်ကို သူကြီးဆူနေပါဦးမယ်"

"ဟ မင်းက ငါ့ကို သရော်တာလား သာဂွ "

"မ...မဟုတ်ရပါဘူးဗျာ ကျုပ်...ကျုပ်က..."

"ဟိတ်ကောင် ဇောဓန! !!"

ထိုအချိန် ခြံဝက သူကြီးအသံကြောင့်
ထိူရွာသားလေးသည် ဇောဓနလက်မှ လွှတ်မြောက်သွားလေ၏။
မဟုတ်ပါက ဇောဓန နဲ့သူရဲ့အပေါင်းအပါတွေကြား ထိုမဲသေးသေးရွာသားလေးမှာ အသက်ပျောက်ဟန်ရှိသည်။

"ငါမင်းကိုဘာပြောထားလဲ ဇောဓန ဟမ်! !!
ရွာသားတွေကို ပြသာနာမရှာပါနဲ့ အနိုင်မကျင့်ပါနဲ့ လို့
ဒီလောက်အတန်တန်ပြောထားတဲ့ကြားက "

"အဘကလဲဗျာ ကျုပ်ကိုပဲအပြစ်ပြောနေတာ
အဘလူက ကျုပ်ကို အမူးသမားလို့​ပြောတာကြ မကြားပဲနဲ့"

"ဟ သူပြောတာမှားလို့လား မင်းကအမူးသမားပါမကဘူး
ဖဲသမား အရက်သမား ကြက်သမား ဒီကြားထဲ ထန်းရည်နဲ့
ရန်ဖြစ်တာတောင်ပါသေး မင်းမလုပ်ဖူးတဲ့ မကောင်းမှူ့များရှိသေးရင် ငါ့ထောက်ပြစမ်းပါ"

ထိုအခါ ဇောဓနဘေးက အပေါင်းအပါတစ်ယောက်မှ

"သူကြီးကလဲ အကိုဇောဓနကို အဲ့လောက်တော့ မပြောပါနဲ့
ရွာထဲမှာ ကျုပ်တို့ မူးပြီဟေ့ဆိုရင်
ဟိုလုံမပျိုလေးကို ကျယ်စယ် ဒီလုံမပျိုလေးကို ကျယ်စယ်တော့
မလုပ်တက်ပါဘူး
ကျုပ်တို့ဘာသာ အေးအေးဆေးဆေး ရန်လေးပဲဖစ်တာပါ
ပြီးတော့ ကျုပ်အကိုလေးက သူများပစ္စည်းလဲမခိုးဘူးနော်
လိမ်လည် လှည့်ဖြားပြီးလဲ မပြောတက်ပြန်ဘူး ဟော သူတပါးအသတ်ဆိုလဲ မသတ်ဘူး မသကာ စားချင်လွန်းမှ ကိုယ့်ခြံထဲက ကြက်ကို သူများသတ်ခိုင်းတာ ကဲ ဘယ်လောက်လိမ်မာလိုက်တဲ့ ဇောဓနလဲ
ငါးပါးသီလမှာ တစ်ပါးပဲကျိုးတယ် "

စိမ့်စမ်းရေလို အေးစေ...နွေးစေ...    စိမ့်စမ်းရေလို အေးစေ...နွေးစေ...Where stories live. Discover now