Koe (နှလုံးသားအရင်းအနှီး):
ဆရာလေးနဲ့ ကျောင်းအုပ်ကြီးတို့ စကားပြောနေကြသည်မို့
ဇောဓနလဲ ကျောင်းဝန်းထဲက အရိပ်ရသည့် ခရေပင်အောက်တွင်
ထိုင်နေလိုက်သည်။ မိုးဦးကျဆိုပေမဲ့ ဇောဓနတို့ဘက်က အမြဲလိုလိုပူအိုက်နေတက်ပေသည်။
ထိုအချိန် ခရေပင်အောက်ကိုရောက်လာတဲ့ ဆရာမလေးပိုးဥ
ဇောဓန နဲ့က ဆရာမ မဖြစ်ခင်ထဲက သိနေကြသည်မို့
နှစ်ဦးသားရင်းရင်းနှီးနှီးရှိလှသည်။"ပိုးဥ နင် ကလေးတွေကိုစာသွားမသင်ဘူးလား"
"ရေးစရာ စာပေးထားခဲ့တယ်"
ထို့နောက် နှစ်ယောက်သား ထွေရာလေးပါးပြောနေကြသည်မှာ
ရယ်ရယ်မောမောပင်
ထိုအချိန် ရုံးခန်းထဲကနေ သူတို့နှစ်ယောက်ကိုလှမ်းမြင်နေရတဲ့
ဆရာလေး ရဝေ လဲ တစ်ခုခုကို အလိုမကျဖြစ်လာရသည်။
ထို့နောက်တော့ ကျောင်းအုပ်ဆရာကြီးနဲ့ အမြန်စကားစ ဖြတ်ကာ
သူတို့အနီးရှိ ခရေပင်ဆီလျောက်သွားလိုက်သည်။
သူလာနေသည်ကိုပင်မမြင်သည်အထိ နှစ်ဦးသားက
မိုးမမြင်လေမမြင် ရယ်မောနေကြတော့ ရဝေ့ စိတ်ထဲ ဒေါသစိတ်ကလေးအနည်းငယ်ဖုံးလွှမ်းသွားရသည်။
ဆရာမလေး ပိုးဥရဲ့ ကိုဇောဓနအပေါ်ရောက်နေတဲ့
အကြင်နာ မျက်ဝန်းတစ်စုံကိုလဲ သူခန့်မှန်းမိသည်မဟုတ်လား"ကိုဇောဓန နေခဲ့မလား ကျွန်တော်ပြန်နှင့်မယ် "
"ဟာ ဆရာလေးရယ် ဘယ်နှယ်တစ်ယောက်တည်း ပြန်လွှတ်ရမလဲ
ရွာလမ်းတွေက ရှုပ်ကရှုပ်နဲ့ ဆရာလေးလမ်းပျောက်နေပါ့မယ်""ဒါဆိုလဲပြန်မယ်"
ရဝေ့လဲ ဒေါသစိတ်လေးကြောင့် ဆရာမလေးပိုးဥကိုတောင်
ဟန်ဆောင်နှုတ်မဆက်နိုင်ခဲ့ပေ
ဇောဓနသည်လဲ ထိုနည်းတူစွာပင်
အရှေ့ကနေ လေအလျင်လိုသွားနေတဲ့ဆရာလေးဆီ
အမှီပြေးလိုက်ရသည်မို့ ဆရာမလေးပိုးဥကိုပင်
နှုတ်ဆက်ရန်မေ့နေခဲ့လေသည်။"ဆရာလေး ကျောင်းအုပ်နဲ့ တစ်ခုခုဖြစ်လာတာလား"
"မဖြစ်ပါဘူး"
"ဒါဆို ဘာလိူ့ မျက်နှာမကောင်းရတာလဲ"
ထိုအခါမှ ရဝေလဲ ပုံမှန်အသိစိတ်တို့ကပ်လေသည်။
သူ တစိမ်းတစ်ယာက်ကြောင့် တခြားမိန်းကလေးတစ်ယောက်ကို
ဒေါသထွက်နေမိသည်။
သူဒေါသထွက်စရာအကြောင်းမှမရှိပဲ သူနဲ့ဘာဆိုင်တာမှတ်လို့
ဒါပေမဲ့ သူဘာကြောင့် ဒေါသထွက်တာလဲဆိုတာ မသိ
ထိုခံစားချက်အား အမည် မပေးတက်ပေ
သူခုနကရုတ်တရက်ကြီးဘာဖြစ်သွားရသည်လဲစဥ်းစား၍ပင်မရ...
YOU ARE READING
Fantasyရွာရဲ့အကျော်အမော် လူဆိုးကြီးနဲ့ ကျောင်းဆရာလေးတို့ရဲ့ ချိုချိူချဥ်ချဥ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... ရွာရဲ့အကျော်အမော် လူဆိုးကြီးနဲ့ ကျောင်းဆရာလေးတို့ရဲ့ ချိုချိုချဉ်ချဉ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ...