အပိုင်း ၅ zg

588 11 4
                                    

Koe (နှလုံးသားအရင်းအနှီး):

" မကြာခင်တောင် သီတင်းကျွတ်ကျောင်းပိတ်ရက်တွေရောက်တော့မယ် ဆရာလေးရော မြို့မပြန်ဘူးလား ကျောင်းအုပ်ကြီးတို့ကတော့
ပိတ်ရက်မနက်ပဲ ပြန်ကြမလို့တဲ့ "

ဆရာလေးရဝေလဲ နားနေခန်းထဲမှာ စာဖတ်နေတုန်း
ဆရာမလေးပိုးဥ၏စကားကြောင့် ခပ်ယဲ့ယဲ့လေးပြုံးလိုက်မိသည်။

အိမ်တဲ့ တခြားသူအတွက်အိမ်ဆိုတာ ပျော်ငွေ့ဖွယ် အေးချမ်းဖွယ် နားခိုဖွယ်နေရာလေးတစ်ခုပေမဲ့ သူ့အတွက်ကတော့ အိမ်ဆိုတဲ့နေရာက ငရဲပြည်အလား ကြီးမြတ်လွန်းတဲ့မျိုးရိုးဂုဏ်သိက္ခာ စည်းကမ်းတင်းကြပ်လွန်းတဲ့
အမေနဲ့အဖှား အချိန်တိုင်း သိမ်ငယ်နေခဲ့ရတဲ့ အဖေနဲ့သူ
အရာအားလုံးဟာ ဘယ်တော့မှနေသားတကျမဖြစ်နေခဲ့ သူဒီလုပ်ရပ်မျိုးမလုပ်ခင် အဖေ့အတွက်အကြိမ်ကြိမ်စဉ်းစားကြည့်ခဲ့ပြီးပြီ သို့သော် သူ့လို သားဖြစ်သူကို ဒီအိမ်တော်ကြီးထဲမှာပဲခြေချုပ် မမိစေချင်တဲ့အဖေက
အဲ့ဒီအိမ် အဲ့ဒီမြို့ အဲ့ဒီဂုဏ်ရှိန်ဝါတွေကြားကနေ သူ့ကိုထွက်ပြေးဖို့ အင်းတိုက်အားတိုက် တွန်းပို့ခဲ့သည်။ အခုသူလွတ်မြောက်ခဲ့ပြီ ထပ်ပြီးအဲ့ဒီနေရာကို ခြေမချဖို့လဲဆုံးဖြတ်ခဲ့လိုက်ပါ၏။

"ဆရာလေး ရဝေ..."

"ဟင်..."

"ကျွန်မပြောတာကို နားထောင်နေရဲ့လား"

"အော် ဟုတ်ကဲ့ ကျွန်တော်တော့ ပိတ်ရက်ကို အိမ်မပြန်ဖြစ်ပါဘူးဗျာ
ခဏလောက်မြို့တက်ပြီး လိုတာလေးဝယ် ပြန်လာမှာပါ"

ထိုအခါ ဆရာမလေးပိုးဥမျက်နှာက သုန်မှုန်သွား၏။
သူမ ချစ်တဲ့ ဇောဓနအနားကနေ ဆရာလေးရဝေ့အား ဖယ်ထုတ်လို့မှမရသည်ပဲလေ

ညနေကျောင်းဆင်းတော့ ထုံးစံအတိုင်း သူ့ရဲ့အပါးတော်မြဲလေးက
ကျောင်းရှေ့မှာရပ်စောင့်နေတာ မြင်လိုက်တော့ ရဝေ့ ရင်ထဲ သိမ့်ခနဲ့ပင်
ထိုအတူ အပြုံးပန်းတစ်ခုကလဲ မျက်နှာထပ်တွင်
ပီပီသသ ထင်ဟက်လာလေသည်။

"စောင့်ရတာကြာနေပြီလား "

ဇောဓနလဲ ထိုအသံလေးကြောင့် ပြုံးလိုက်မိသည်။
ထိုလူသားရဲ့ အသံလေးမှအစ
ထိုလူသားလေးနဲ့ပတ်သက်သမျှအသေးအဖွဲ့အရာလေးသည်ပင်
သူ့အား အပြုံးပန်းတို့ဖူးပွင့်စေနိုင်၏။

စိမ့်စမ်းရေလို အေးစေ...နွေးစေ...    စိမ့်စမ်းရေလို အေးစေ...နွေးစေ...Where stories live. Discover now