Koe (နှလုံးသားအရင်းအနှီး):
"သား မယ်မယ်နဲ့ ပြန်လိုက်ခဲ့ပါ သားရယ်
သားဘွားဘွားကြီး ကလဲ သားကိုလွမ်းတဲ့စိတ်နဲ့
အိပ်ယာထဲ လဲနေပြီ
ပြီးတော့...ပြီးတော့လေ
သမီးလေးပန်းနုအတွက်လဲထည့်စဥ်းစားဦးမှပေါ့သားရယ် "မယ်မယ်က သူ့ကိုမြင်သည်နှင့် အနားရောက်လာတာ
ပြန်လိုက်ခဲ့ဖို့ခေါ်နေ၏။ မည်မျှဝမ်းနည်းနေသည်မသိ အသံတွေပင်တုန်ယင်နေလေသည်။"ပန်းတို့နဲ့ပြန်လိုက်ခဲ့ပါ ကိုကိုရယ် ပန်းလေ ကိုကိုဒီလိုတောရွာလေးမှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ နေနေရတာကို တကယ်စိတ်ထဲမကောင်းဘူး
ပြန်လိုက်ခဲ့ပါနော် "ပန်းနုကပါ သူ့အနားကပ်၍ ကလေးငယ်လေးတစ်ယောက်လို တဂျီဂျီပူဆာနေလေတော့ ရဝေ့စိတ်တွေဝေခွဲမရဖြစ်လာခဲ့၏။
သူ့၏ သက်ဆိုင်သူထံအကြည့်ပို့မိတော့ စိတ်မကောင်းလို့ထင် မျက်ရည်များဝဲကာ တဖက်သို့မျက်နှာလွှဲသွား၏။
ထို့နေ့က သားအမိတွေ မတွေ့တာကြာပြီမို့ အလွမ်းသယ်နေလိုက်တာ မိုးချုပ်သွားတာကြောင့် မယ်မယ်နဲ့ ပန်းနုကို ဆရာမလေးပိုးဥအိမ်၌ တည်းရန် နားချရသည်။ မယ်မယ်က အတင်းပြန်မယ်လုပ်နေပေမဲ့ ချောင်းရိုးတစ်ခုခြားထားခြင်းကြောင့် ညဘက်မပြန်လိုသောသူက သေသေချောချာရှငိးပြကာ ဆရာမလေးပိုးဥအိမ်၌ အိပ်စေသည်။
သူကတော့မယ်မယ်နဲ့ ပန်းနုရဲ့
သားဘွားဘွားကြီး နေမကောင်းဘူးဟူသော စကားကြောင့်
ပြန်လိုက်သင့်မလိုက်သင့် ဝေခွဲရခက်နေလေ၏။
တဖက်ကလဲချစ်ရသူဖြစ်နေသလို တဖက်ကလဲမိသားစုဖြစ်နေတာကြောင့်
ရင်လေးရပါသည်။
မယ်မယ်နဲ့ပန်းနုတို့ကို သူကြီးအိမ်မှာပဲ ညစာစားစေပြီး ပိုးဥအိမ်လိုက်ပို့ပေးပြီးအပြန် သူနဲ့ ဇောဓန နှစ်ယောက်တည်းသာဖြစ်သည်။
တလမ်းလုံးဘာစကားမှမဆိုတဲ့ ချစ်ရသူကြောင့် သူ့စိတ်ထဲသိပ်တော့ဘဝင်မကျလှ"မယ်မယ် တို့က မင်းမျိုးအနွယ်ဝင်လေ ဒါကြောင့် သိပ်ကိုစည်းကမ်းတင်းကြပ်ပြီး သိပ်ပြီး သြဇာအာဏာရှိတာ ဟင်းးးးး မယ့်မယ့်ရဲ့
ကျောင်းပြီးတာနဲ့ ပန်းနုနဲ့လက်ထပ်ပေးမယ်ဆိုတဲ့စကားကြောင့်
ကျောင်းမပြီးခင် ဒီအလုပ်ကိုအမြန်လျောက်လိုက်တာ
မယ်မယ်ကိုတော့ ကျောင်းဆက်တက်နေတယ်လို့လိမ်ပြီး
အမှန်က ကျောင်းဆရာဖြစ် သင်တန်းတက်နေခဲ့တာ
အခု တာဝန်ကျလာတော့မှပြောတော့ မယ်မယ်နဲ့ဘွားဘွားကြီးက စိတ်ဆိုးပြီး စကားမပြောဘူးလေ အခုတော့ဘွားဘွားကြီးနေမကောင်းလိူ့ထင်တယ် ဒီအထိတောင်လိုက်ခေါ်တယ်ဆိုတော့...ပန်းနုပို့ပေးတဲ့စာတွေထဲမှာတော့
ဒီအကြောင်းတွေပြောထားပါတယ် ဒါပေမဲ့ လိုက်လာလိမ့်မယ်လို့မပါခဲ့ဘူး
ထင်လဲမထင်ထားဘူးလေ..."
YOU ARE READING
Fantasyရွာရဲ့အကျော်အမော် လူဆိုးကြီးနဲ့ ကျောင်းဆရာလေးတို့ရဲ့ ချိုချိူချဥ်ချဥ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... ရွာရဲ့အကျော်အမော် လူဆိုးကြီးနဲ့ ကျောင်းဆရာလေးတို့ရဲ့ ချိုချိုချဉ်ချဉ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ...